Part 15

3.2K 78 5
                                    

Unicode

Ray တယောက် အိပ်ယာပေါ်လှဲရင်းတချို့အကြောင်းအရာများကိုပြန်သတိရမိသည်။

အဲ့တုန်းက သူကနယ်စစ်မှာရှိတဲ့ လေ့ကျင့်ရေးစခန်းက နည်းပြတယောက်ပဲရှိသေးသည်။ အဆက်အသွယ်နဲ့ဝင်လာတဲ့သူတွေထဲကမှ အလင်္ကာဆွေး ဆိုသူအား သူအဘောမကျခဲ့ဆုံးဖြစ်သည်။ ပထမဆုံးအမြင်မှာတင် ထိုအသားဖြူဖြူ သွယ်သွယ် လျှလျှနှင့် ယောင်္ကျားမဆန်လွန်းသည့်ပုံစံမှာ သူ၏လေ့ကျင့်ရေးများအား ခံနိုင်ရည်ရှိမည့်ပုံမပေါ်ပါချေ။ သို့သော် ထိုကောင်လေး၏ ခန္တာကိုယ်မှာ ဤနေရာနှင့် မလိုက်ဖက်သည့်တိုင် ထိုကောင်လေး၏ စိတ်ဓာတ်မျာ စခန်းတခုလုံးရှိ သူများအားလုံးထက် ပိုပြင်းပြလေသည်။

လေ့ကျင့်ရေး ပထမအပါတ် ရှေ့သုံးရက်မှာ လူသစ်များအတွက် အလွန်ညှာတာထားလေသည်။ စခန်းကို တနေ့အခေါက်ရာကျော် ပတ်ပြေးရတာမျိုးနှင့် အခြေခံ သင်ကြားရေးများပင်။ Rayတယောက် ‌အလင်္ကာဆွေးဆိုသည့်သူကို အားအုံစိုက်မိသည်မှာ ထိုသူ၏ မလျော့သောဇွဲနှင့် စိတ်ဓာတ်ပြင်းပြမှုကြောင့်ဖြစ်သည်။ စခန်းသွင်း လေ့ပျင့်မှု ပထမရက်တွင် အားလုံးထက် သိသိသာသာနောက်ကျောက်ကျနေသည့်မို့ သူနှာရှုံမိကာ
"မိန်းမငယ်လေးတွေက ဒီနေရာနဲ့မသင့်တော်ပါဘူးလို့ ငါမပြောခဲ့ဘူးလား" ဟုပင် လူအများကြား လှောင်ခဲ့သေးသည်။ ဤနေရာရှိသူများမှာ လူဆိုးလူမိုက်များအပြင် အကုန်ကျားကျားယားယား လူကြမ်းကြီးများသာဖြစ်သည်။ ထို့ကြောင့် ပြောဆိုဆက်ဆံရာမှာ ပွင့်လင်းကာ တချို့ဆိုလျှင်ရိုင်းဆိုင်း‌ ပေသည်။ နည်းပြဖြစ်သည် Ray၏ အပြောမှာ တခြားသူများ ဆွေးအပေါ် ပြောဆိုသည်ထက် ပိုကောင်းနေချေသေးသည်။

လေ့ကျင့်ခန်းလုပ်လေ့မရှိသော ဆွေးမှာ တရက်တာလုံး အပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးနှောက် ခြေငလုံးကြွက်သားများမှာ တောင့်တင်းကာ နာကျင်နေလေသည်။ ထို့ကြောင့် ညစာပင်စားရန် တန်မစီနိုင်ဘဲ ခေါင်းအုံးနှင့်ခေါင်းထိသည်နှင့်အိပ်ပျော်သွားချေတော့သည်။ ညစာစားရန် တန်းစီလျှင်လည်း အလွန်နောက်‌ကျချေပြီမို့ ထိုလူကြမ်းကြီးများ၏အစားကြီးပုံနှင့် သူ့အတွက် ဘာမျှကျန်မည်မဟုတ်၍ အိပ်ရေးဝရန်သာ ကြိုးစားလိုက်သည်။ သို့သည့်တိုင် သူကိုယ်‌ ပေါ်၌ ရေးအေးများ လောင်းချခံရချိန်တွင် ခနမျှသာကြာကြာအိပ်လိုက်ရသည်ဟုခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကာ ဟိုဟိုဒီဒီဝေ့ဝဲကြည့်တော့ မိုးလင်းလုပြီ။ ထိုအခါမှ မနက်ခင်း လေ့ကျင့်ခန်းများလွတ်သွားသည်ကို သိပုံရသည်။ Ray တယောက် ရေပုံးကို လွတ်ပစ်ရင်း ထိုသူကို ကြည့်ကာ ဘယ်နှကြိမ်မြောက်မှန်းမသိ လှောင်ရီရီလိုက်သည်။ အလင်္ကာဆွေးမှာ ထိုသို့အဖြစ်အား ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်သာရှိစေခဲ့သည်။

My Possessively Mafia Boss Where stories live. Discover now