Part 31

1.3K 43 16
                                    

Unicode

"အွတ် အဟွတ် အဟွတ်"

"ကျစ် မင်းဒီလိုဆက်ဖြစ်နေရင် ငါ့ဟာပြန်ပျော့သွားတော့မယ်ကွ"

ဆွေး တဖက်သူ၏ အပြောကြောင့် အနည်းငယ် ဗျာများသွားရသည်။ ပထမဆုံးတကြိမ် တပါးသူ၏အရာကို ပြုစုပေးခြင်းမို့ အတော်လေး အဆင်မသင့်လှချေ။

"မင်းအခုထိ လူပျိုလေးလို့တော့ ငါ့ကိုမပြောနဲ့နော်"

ဆွေး ဒီတိုင်း တဖက်သူမျက်လုံးအားစိုက်ကြည့်နေလိုက်သည်။ ထိုကြည်လင်သောမျက်ဝန်းတစုံကြောင့် စက်ပထမဆုံးအကြိမ် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။

သူ့ရှေ့ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျှက်ရှိသောကောင်လေးပုခုံးအားခပ်ဖွဖွကန်ကာ တွန်းဖယ်ရင်းထရပ်လိုက်သည်။

"ပြန်တော့ ငါစိတ်မပါဘူး"

ဆွေးအနည်းငယ် စိတ်မကြည်ဖြစ်သွားသည်။ နှုတ်ခမ်းမှပေကျံနေသော တံတွေးကို လက်ခုံဖြင့် သုပ်လိုက်ရင်း မော့ကြည့်ကာ မရှုပ်ထွေးဘဲမနေနိုင်တော့ချေ။ ထိုသူက အဘယ့်ကြောင့်ရုတ်ချည်းစိတ်ပြောင်းသွားရသည်နည်း။

"အဝတ်ပြန်ဝတ်ပြီး ရေချိုးဖို့အတွက်ပြင်ပေး"

ဆွေးအစက ထပြန်ရန်ကြံနေတာဖြစ်သည်။ သို့သော်ထိုသူ၏ အမိန်ကြောင့် အကြောင်းပြချက်မရှိ ခိုင်းသည့်အတိုင်းလုပ်ပေးချင်မိသည်။ ဆွေးအားလုံးပြီးစီးသည်ထိပြင်ပြီးမှသာ အခန်းထဲကထွက်လာခဲ့သည်။

ထိုမှသာ 'ထိုသူက သူ့အခန်းထဲ ဘယ်လိုရောက်နေသလဲ' ဟုမေးခွန်းအားတွေးမိတော့သည်။ ကြာကြာမတွေးလိုက်ရပါချေ။ နေ့လည်ပိုင်း၌ အဘွားက သူတို့နှစ်ဦးအား မိတ်ဆက်ပေးလာသည်။

"ဆွေး သားဒီကိုလာ ဒါက ဘွားဘွားမြေးလေ လပိုင်းလောက် သူဒီမှာနေမှာ မင်းကသူနဲ့ အသက်အတူတူပဲ‌လေ အဲ့တော့ သူ့ကိုဂရုစိုက်ပေးလိုက်ပါအုံး"

"အာ..ဟုတ်ဘွားဘွား"

ဆွေး တဖက်ထိုင်ခုံမှ ခပ်လျော့လျော့ထိုင်ကာ သူ့အားအရေးမလုပ်ဟန် တချက်သင့်ဝင့်ကြည့်ပြီး ဂရုတစိုက်မရှိလှသောသူအားကြည့်ပြီး မချိပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။

My Possessively Mafia Boss Where stories live. Discover now