Part 34

1.5K 68 12
                                    

Unicode
"အဲ့အခြောက်လေးက တကယ်ကြီး"

"ရူး မင်းအဲ့‌ေကာင်းအကြောင်းကိုလက်လွတ်စပယ်ပြောလို့ရပေမယ့် တခြားသူကတော့မတူလေ "

စပျစ်ခင်းအတွင်း၌ အလုပ်သမားနှစ်ယောက် တိုးတိုး တိုးတိုးဖြင့် အတင်းတုတ်နေကြသည်။ ခပ်လှမ်းလှမ်းတနေရာမှ ခြေသံကြားသည့်အခါမှ စကားစဖြတ်ကာ အလန့်တကြား လှည့်ကြည့်လာသည်။

စပျစ်ရွက်များအား ထိုးဖောက်ကာ ပျောက်တိပျောက်ကြားကျလာနေစက်များကြား ပန်းရိုက်ဂါဝန်အဖြူလေးဖြင့် မိန်းကလေး‌တယောက်မှာ မျက်နှာသေဖြင့် ရပ်နေလေသည်။

"မိန်းမလိုဝတ်လာပြန်ပြီ ရွံစရာကောင်းလိုက်တာ"

အလုပ်သမားထဲမှ တယောက်မှာ မနေနိုင်ဘဲ တဖက်သူဘက်လှည့်ကာ သရော်ရင်း ဘေးဘက်သို့တံထွေးထွေးလိုက်သည်။ တဖက်သူမှာ ဂရုမထားဟန်ကြည့်လျှက်သာ စပျစ်ခိုင်တချို့အား လုပ်ငန်းသုံးကတ်ကြေးဖြင့် ဖြတ်ယူနေသည်။ မကြာခင်ပင် ထိုအလုပ်သမားများမှာ သူ့ဘေးမှခပ်ဝေးဝေးရှောင်ဖယ်သွားလေသည်။

"ဂါဝန်လေးက တကယ်လှတာပဲ"

စံအိမ်မှ စားဖိုမှုးအဒေါ်ကြီးက သူ့ဘေးကပ်ကာ အပြုံးလေးဖြင့် လာပြောလေသည်။ ထိုအခါ ဆွေး အပြုံးလေးတခုဖြင့် သူမအားကျေးဇူးတင်ကြောင်းပြသလိုက်သည်။ ဆွေး တခါတရံ မိန်းမအဝတ်အစားများဝတ်တတ်ရာ သူမအတွက်အထူးအဆန်းမဟုတ်တော့ချေ။ ထို့နောက် သူမကပင် တခါတရံ အဝတ်အစားများပေးတတ်သေးသည်။ သူမ ရိုးသားသော ‌ထိုကောင်လေးအား အလွန်သဘောကျရာ ထိုသို့အကျင့်ဆိုးရှိသည့်တိုင် တခြားသူများကဲ့သို့ အထင်မသေးသည့်အပြင် ကာကွယ်ပေးချင်မိသည်။ မကြာမီက တခြားသူများ သူ့အား သရော်နေသည်မိ ထိုကလေး စိတ်ညစ်သွားသည်ဆိုးမိသော်လည်း ယခုအခါ ဖြူဖြူစင်စင်ပြုံးပြနေသည့်မို့ သူမစိတ်သက်သာရာရသွားမိသည်။

"အဒေါ်ပြန်တော့မယ် တယောက်ထဲ ကြာကြာမနေနဲ့ ထပ်ပြီးအနိုင်ကျင့်ခံရလိမ့်မယ်
နောက်ပြီး... သခင်လေးကို သတိထားနေပါ အဒေါ်က မင်းကောင်းဖို့ပြောတာ ခြံထဲကအလုပ်သမားတွေကျ အဒေါ်သူတို့ကို ငေါက်တာဖြစ်ဖြစ် အမကြီးကို တိုင်တာဖြစ်ဖြစ်လုပ်လို့ရပေမယ့် သခင်လေးကျ... ဟင်းး... ဘာပဲဖြစ်ဖြစ် ဂရုစိုက်ရမယ်နော်"

My Possessively Mafia Boss Where stories live. Discover now