P-3

1K 72 2
                                    

ဒီနေ့တော့ဒယ်ဒီကဂျီမင်းကျောင်းနောက်ကျမှာစိုးလို့အစောကြီးပြင်ဆင်ထားသည်
ဂျီမင်းလည်းဒယ်ဒီစောင့်နေတော့သူပါအကျီ
လဲလိုက်ပြီးကျောင်းသို့စောစောထွက်လာခဲ့သည်

ကျောင်းရောက်တော့ဘယ်သူမှမရောက်သေးပါကိုယ့်ထိုင်ခုံလေးမှာကိုယ်ထိုင်နေပြီး
သူငယ်ချင်းသုံးယောက်အလားအားစောင့်လိုက်သည်။

ခဏကြာတော့ထယ်ဟျောင်းရောက်လာ
သည်

"ဟာ ဂျီမင်း အစောကြီးရောက်နေတာလား"

"အေးဟုတယ်"

"ဒါမှန်းသိရင်ငါလည်းစောစောလာခဲ့ပါတယ်"

"ဘာလို့လဲ"

"ဟုတယ်လေ မင်းနဲ့နေလို့ရတာပေါ့"

"ခုလည်းနနေတာပဲ"

"ဟိုကောင်နှစ်ကောင်ကလည်းမလာသေးဘူး"

"အဲ့နှစ်ကောင်ကအမြဲတမ်းနောက်ကျတယ်"

"ငါတို့တစ်နေရာသွားကြမယ်"

"ငါမသွားချင်ဘူး"

"နမို့ဆိုပျင်းစရာကြီးဂျီမင်းကလည်း"

"ဒီမှာပဲအေးဆေးထိုင်ပါရစေကွာ"

"အင်းပါ"

ထယ်ဟျောင်းလဲစာအုပ်ထုတ်ကာစာကြည့်နေလိုက်သည်

ထိုအချိန်အတန်းထဲကကောင်မလေးနှစ်ယောက်ကဂျီမင်းအနားက်ုဖြည်းဖြည်းချင်းရောက်လာပြီး

"ဟို ဂျီမင်း"

"ဘာလဲ"

"ရော့"
ချောကလတ်ဘူးလေးအားဂျီမင်းကိုပေးလိုက်သည်

"ဘာဖို့လဲ"

"မဟုတ်ပါဘူး ဒီတိုင်းကောင်းလို့ကျွေးတာ
စားကြည့်"

ထိုထဲကကောင်မလေးတစ်ယောက်ကဆိုကာဂျီမင်းစားပွဲခုံပေါ်ကိုချလိုက်သည်

"ငါချောကလတ်ကြိုက်တယ် ကျေးဇူးပဲ"

"ဟီးးရပါတယ်ဟငါသွားပြီ"

ဆိုကာကိုယ့်နေရာကိုပြန်ထိုင်သွားကြသည်

"ဟျောင့်ဂျီမင်း နည်းနည်းပါးပါးလာလေကွာ"

ဘေးနားမှာအူကြောင်လေးကြည့်နေတဲ့ထယ်ဟျောင်းကဂျီမင်းစီကပြန်တောင်းစားသည်

ကိုကို့ ကိုချစ်တယ်Where stories live. Discover now