P-26

720 43 6
                                    

"မနေ့ကမှနေကောင်းတာ ချက်ချင်းကြီးမသွားပါနဲ့အုံး မနက်ဖြန်လောက်မှသွားပါဂျောင်ဂုရယ်"

"ကုမ်ပဏီမှာကကျနော်မရှိရင်မရဘူးကိုကိုရဲ့
သုံးရက်တောင်ပျက်ထားပြီးပြီ ထပ်ပျက်လို့မဖြစ်တော့ဘူး တော်ကြာဒယ်ဒီရိပ်မိသွားမှဖြင့်"

"အဲ့တော့တကယ်သွားမှာလား"

"အင်းပေါ့ကိုကိုရဲ့ ဒါပေမဲ့စောစောတော့ပြန်လာခဲ့ပါမယ်"

"အင်းစောစောပြန်လာမှပဲ"

"ဟုကဲ့ကိုကို ကိုကိုလည်းအိမ်မှာပဲနေနော်
အပြင်မထွက်နဲ့"

"အင်းပါမထွက်ဘူး"

"အာ့ဆိုကျနော်သွားပြီနော်ကိုကို......အာဘွား"

ဂျီမင်း၏ပါးလေးအားတစ်ချက်နမ်းလိုက်ပြီး
အလုပ်သို့ထွက်လာခဲ့သည်

ဂျီမင်းကအိမ်မှာတစ်ယောက်တည်းကျန်နေခဲ့သည်။

နှစ်ရက်လောက်အိမ်မပြန်ခဲ့တာကြောင့်
အိမ်လေးတော့နည်းနည်းသန့်ရှင်းရေးလုပ်ရမည်မဟုတ်လား တံမြက်စည်းလေးတွေလှဲပြီး ကြမ်းလည်းတွေလည်းတိုက်ထားသည်။

ဂျောင်ဂုပြန်လာရင်သူအလုပ်လုပ်ထားတယ်ဆိုတာလေးကိုပြောပြချင်လို့‌တဲ့

ပုံမှန်ဆိုအဝတ်လေးတစ်ထည်နှစ်ထည်လျှော်ထားမယ် ပွနေတာတွေကောက်သိမ်းလိုက်မယ်ဒီလောက်ပဲခုတော့ ဂျောင်ဂုပြန်လာရငိလုပ်စရာမလိုအောင်အကုန်သူလုပ်ပေးနေသည်

နောက်ဆုံးအကုန်ရှင်းလို့လင်းလို့ပြီးတော့

"ဟူးးးးမောလိုက်တာ"

"ဂျောင်ဂုဆိုနေ့တိုင်းလုပ်နေတာမပင်ပန်းဘူးလားမသိဘူး‌ ပင်ပန်းမှာပေါ့ကုမ်ပဏီကအလုပ်လည်းသူလုပ်ရတယ် ပြန်ရောက်ရင်လည်းဒါတွေလုပ်ရတာပိုပင်ပန်းမှာပေါ့ငါ့ကလေး..သနားပါတယ်"

"အခုငါအကုန်လုပ်ထားတယ်ဆိုတော့
သူပြန်လာရင်နားရုံပဲပေါ့ ဟုတယ် အော်ဟင်းကရော ဟင်းကရောဘယ်သူချက်မှာလား သူပဲချက်ရမှာပေါ့"

"ဘယ်လိုလုပ်ရမလဲ....ငါပဲချက်လိုက်ကမလား...နေပါအုံး..ငါမှမချက်တတ်တာ...လိုင်းပေါ်ကကြည့်ပြီးချက်လိုက်မယ်ကွာ...ဟုတယ်"

ကိုကို့ ကိုချစ်တယ်Where stories live. Discover now