P-20

1K 51 3
                                    

မနက်အိပ်ယာနိုးတော့စိတ်ကမကြည်မလင်ဖြစ်နေသည်။

အိပ်ယာဘေးမှာကျောပေး‌ထိုင်နေသောကိုကိုကိုတွေ့တော့
အိပ်နေရာကထလာကာကိုကို့အားခေါ်လိုက်သည်

"ကိုကို"

ဂျီမင်းကဂျောင်ဂုအသံလဲကြားရောချက်ချင်းလှည့်ကြည့်ကာ

"ဘာလဲ"

"ဘာထိုင်လုပ်နေတာလဲ"

"ငါ့ဟာငါဘာထိုင်လုပ်လုပ်ပေါ့"

"ဘာလဲ ကျနော်သောက်တာကိုစိတ်ဆိုးတုန်းလား"

"............"

"မဆိုးနဲ့တော့လေဗျာကိုကိုရာ
အဲ့တုန်းက အကုန်လလုံးကပျော်ပွဲရွှင်ပွဲလုပ်ရတာမသောက်ရင်မကောင်းဘူးလေကျနော်လည်းမသောက်ချင်ပါဘူး ဒါပေမဲ့လည်းယဉ်ကျေးမှုအရသောက်တာပါကိုကိုရဲ့"

ဂျီမင်းအားဖက်လိုက်ကာဆိုသည်

"......ပြီးတဲ့ကိစပြီးပြီထားလိုက်တော့မင်းသောက်ချင်တယ်ဆိုလည်းသောက်ငါဘာမှမပြောတော့ဘူး"

"ကျနော်လည်းအဲ့တာတွေသိပ်မကြိုက်ပါဘူးကိုကိုရ‌ဲ့နည်းနည်းပါးပါးလေးပါ
နောက်ပြီးခါးတယ်"

"..........မင်းဒီနေ့အလုပ်မသွားရဘူးလား"

"သွားရမယ်လေ ဘယ်ချိန်ရှိပြီလဲ"

နာရီကြည့်လိုက်တော့ကိုးနာရီ

"နောက်တောင်ကျနေပြီ ကျနော်မြန်မြန်ပြင်မှရတော့မယ်"

ဂျောင်ဂုကအမြန်ထကာပြင်ဆင်ရတော့သည်

"ဒီကိုကိုကလည်းမနှိုးဘူး"

ရေချိုးပြီးအမြန်ပြန်ထွက်လာသည်
ဂျီမင်းကအကျီလေးထုတ်ပေးထားသည်
ကောက်ဝတ်လိုက်ပြီး ကြည့်ကောင်းအောင်နည်းနည်းပါးပါးပြင်ကာ ကိုကို့စီကအာဘွားယူပြီးအလုပ်သိူ့ထွက်လာခဲ့တော့သည်။

"ဟူးးးးးးး"

ကျန်ခဲ့တဲ့ဂျီမင်းကတာ့သက်ပြင်းတွေချပြီးတစ်ခုခုကိုတွေးနေခဲ့သည်။

ပြီးနောက်သူလည်းသူ့လုပ်စရာရှိတဲ့အလုပ်လုပ်နေခဲ့တော့သည်

_

ထယ်နဲ့ယွန်ဂီနဲ့ကတော့ချစ်သူတွေဖြစ်သွားပါပြီနေ့တိုင်းဒိတ်ပါတယ် ယွန်ဂီကမအားရင်တောင်မှသပ်သပ်အချိန်ယူပြီးထယ်ဟျောင်းအားပေးလေ့ရှိသည်

ကိုကို့ ကိုချစ်တယ်Where stories live. Discover now