P-16

896 58 6
                                    

"ကိုကို့အဲ့မျက်နှာကြီးကိုဆူပုတ်မထားနဲ့!!"

"မင်းကိုအစောကတည်းငါမလိုက်ချင်ဘူးပြောနေတာကို"

"ကိုကိုနဲ့ကျနော်နဲ့ကတိပေးထားတာပဲမနေ့ကကိုကိုရှုံးတယ်လေ ကျနော်လိုက်ဆိုလိုက်ရမှာပဲ"

"အာ့ဆိုလည်းလာမပြောနဲ့ငါ့ကိုဘာမှငါ့ဟာငါနေမယ်!"

"..........နေနေ မပြောတော့ဘူး
လာသွားမယ်"

ဒီလိုနဲ့ပတ်ဂျီမင်းကိုကုမ်ပဏီကိုခေါ်ခဲ့ကတော့သည်
ကုမ်ပဏီသို့ရောက်တော့

သူ့အခန်းထဲအားဂျီမင်းကိုခေါ်လာသည်။

"ဒီမှာနေ"

"ဒီမှာနေပြီး ဘာလုပ်ရမှာလဲ!"

"ထိုင်နေပေါ့ ဟိုမှာဆိုဖာရှိတယ် Tvလေးရှိတယ် "

"အဲ့တော့"

"အဲ့တော့ကိုကိုပျင်းရင်Tvကြည့်နေလိုက်ဒါပဲရှိတယ်"

".........."

"ကျနော်အလုပ်လုပ်လိုက်အုံးမယ်နော်
ငြိမ်နေ!"

"..........."

ဂျီမင်းလည်းဆိုဖာပေါ်ထိုင်ကာTvကိုကောက်ဖွင့်လိုက်သည်ကာတွန်းကားတွေတက်လာသည်။
ကာတွန်းကားတွေမကြည့်ချင်တာနဲ့ပဲပြောင်းပြောင်း ဘာမှလည်းကြည့်ချင်တာမရှိနဲ့
အခန်းထဲမှာလည်းနေရတာပျင်းစရာကြီး
ဂျောငိဂုကလည်းသူ့အလုပ်သူ့လုပ်နေတာကိုယ့်ကိုတောင်တစ်ချက်အဖက်မလုပ်ပါ

ထို့ကြောင့်အပြင်သို့ထွက်ရန်ဆုံးဖြတ်လိုက်တော့သည်

ဂျောင်ဂုအလုပ်လုပ်နေတဲ့စီသွားပြီး

"ဂျောင်ဂု"

"အင်း"

"ငါအပြင်ခဏထွက်လိုက်အုံးမယ်"

"ဘယ်အပြင်ကိုထွက်မှာလေ ဒီမှာပဲနေရမယ်!"

"ဒီအခန်းအပြင်ကိုထွက်မှာဘယ်မှမသွားဘူး
ဒီထဲမှာနေရတာပျင်းစရာကြီး နည်းနည်းပါးပါး အော် ငါ ဟိုးအပေါ်ဆုံးထပ်မှာလေညှင်းသွားခံမယ်"

"ဟိုးအပေါ်ဆုံး အဲ့မှာအလုပ်လုပ်နေတဲ့သူတွေရှိတယ် ကိုကိုရဲ့ မသွားပါနဲ့ဒီမှာပဲနေပါ"

ကိုကို့ ကိုချစ်တယ်Where stories live. Discover now