P-14

849 65 0
                                    

"ဗျာ မာမီဘာပြောလိုက်တာ!!"

"မင်းမကြားဘူးလား"

"သားနားကြားမှားတာမဟုတ်ပါဘူးနော်"

"မဟုတ်ဘူး အတည်"

"မာမီရာ!!!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!
ဂျောင်ဂုနဲ့သားနဲ့ဆိုတာကညီကို.."

"တိတ်စမ်း..ညီကိုလို့ပြောအုံးမှာလား
ဘာညီကိုလဲ အရင်းလည်းမဟုတ်ဝမ်းခွဲလည်းမဟုတ်ဘူး ယူလို့ရတယ်!!"

"မာမီဒါမဲ့သားတို့ကအဲ့လိုညီကိုအရင်းလိုနေခဲ့ကြတာပဲကိုမာမီလုံးဝမဖြစ်နိုင်ဘူးနော်မာမီ!'

"ဟဲ့ ဘာကိုမဖြစ်နိုင်ဘူးလဲ ငါတို့စီစဉ်ရင်ဖြစ်တယ်ဘာမှအထွန့်မတက်နဲ့ပတ်ဂျီမင်း!!"

"မာမီ!!
သားပြောပြီးပြီလုံးဝလက်မခံနိုင်ဘူးနော်
ဒါလုံးဝမဖြစ်နိုင်တဲ့ကိစကြီးကိုဗျာ!!
နောက်ပြီးပတ်ဝန်းကျင်အမြင်မှာဆိုသားတို့ကညီကိုပဲပြောထားတာလေလူပြောစရာဖြစ်မယ်"

"ဂရုမစိုက်ဘူးပတ်ဂျီမင်း ငါတို့ပြောတာပဲလက်ခံရမယ်ဒါပဲ"

"မာမီ လက်မခံနိုင်ဘူးဗျာ!!!
သားလုံးဝလက်မခံဘူး သားအနေနဲ့ဂျောင်ဂုကိုညီလေးတစ်ယောက်လိုပဲသဘောထားတယ်မာမီအာ့ကြောင့်မာမီတို့စကားကိုလုံးဝနားမထောင်နိုင်ဘူး"

"မလိုချင်ဘူးပတ်ဂျီမင်း!!"

"ဒယ်ဒီ"

သားအမိနှစ်ယောက်စကားများနေချိန်ဒယ်ဒီရောက်လာသည်
ဂျောင်ဂုကတော့ရုံးသွားတာနေတာပေါ့

"ကိစအားလုံးငါစီစဉ်တာ
ငါလက်သီးစာမမြည်းချင်ရင်တော့လက်ခံလိုက်"

"အထိုးခံလိုက်မယ်ဗျာ
လုံးဝတော့လက်မထပ်နိုင်ဘူး"

"အထိုးခံလည်းငါတို့ကစီစဉ်မှာပဲ
မင်းမှာရွေးချယ်စရာမရှိဘူးဂျောင်ဂုဆိုတာဒီလောက်တော်တဲ့ကလေး မင်းကအဲ့လိုလူမျိုးကိုမှလက်မထပ်ရင်ဘယ်လိုလူကိုလက်ထပ်ယူမှာလဲပြော!!"

"ဒယ်ဒီဂျောင်ဂုတော်တယ်ဆိုတာလည်းသားသိတယ်သားတို့ကစတွေ့ခဲ့ကတည်းကညီကိုလိုပဲနေလာကြတာဒီလိုလက်ထပ်ပေးတယ်ဆိုတော့.."

"ဘာဖြစ်လဲအဲ့တော့!!ဘာဖြစ်လဲ
အဲ့တာနဲ့လက်မထပ်ရတော့ဘူးလားဟမ်!!
ပြောပြီးငါတို့ကဘူးဆိုဖရုံမသီးဘူး
လက်ခံရမယ်"

ကိုကို့ ကိုချစ်တယ်Where stories live. Discover now