အပိုင်း (၅) ပန်းပဲဖိုက လူဘီလူးကြီး

74 1 0
                                    

စောင်းသင်တန်း တစ်ပတ်ခန့်အကြာ. . . . .

ထိုနေ့က လေငြိမ်သော လပြည့်ညတစ်ညလည်း ဖြစ်သည်။ တည်တည်ငြိမ်ငြိမ်ညအချိန်တွင် တိမ်သားကင်းစင်နေသောကြောင့် လနှင့်နက္ခတာရာများကို ကြည့်ရှု့ခံစားရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။

ငွေမှင်ရောင်လရိပ်အောက်တွင် ညင်သာငြိမ့်ညောင်းသော စောင်းသံကလေးတစ်ခုက နယ်စားမင်းစံအိမ်တော်မှ ထွက်ပေါ်လျှက်ရှိသည်။

လသာဆောင်ထက်ဝယ် နယ်စားမင်းက ယမကာသောက်ရင်း စောင်းသံလေးကို စည်းဝါးလိုက်ကာ သီချင်းညည်းနေမိ၏

သေရည်ခွက်ကို တစ်ချက်ထဲမော့သောက်လိုက်ပြီးနောက်

"၀ဒီရာကိုသွားခေါ်စမ်းဟေ့. . ."

ဟု နံဘေးမှကျွန်ယုံတစ်ယောက်ကို လှမ်းပြောလိုက်လေသည်။

'ဟုတ်ကဲ့ပါ သခင်ကြီး'

ကျွန်ယုံက ရိုသေစွာ ခေါင်းညှိမ့်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။ နယ်စားမင်းနံဘေးမှ မယ်စံဝါက အနည်းငယ်စိုးရိမ်သော မျက်နှာဖြင့်ကြည့်ကာ. .

>>အင်း. . . သင်းကလည်း အရွယ်ရောက်လို့ အပျိုကြီးဖားဖားဖြစ်နေပြီ၊ သခင်ကြီးနဲ့ကလည်း တကယ်တမ်းဆို သွေးသားအရင်းအချာအစစ် မဟုတ်တာ သေချာသလောက်ပဲ။

ကိုယ့်နေရာကိုယ်မသိတဲ့ အမိုက်အမဲ ၀ဒီရာက အခုတောင်သခင်ကြီးကို စောင်းသံပေးပြီး မြူဆွယ်နေတာ. .

သခင်ကြီးကလည်း အသွေးနဲ့အသားနဲ့ ယောက်ျားသားပေမို့ မယိမ်းယိုင်နိုင်ဘူးလို့ ပြောလို့မရဘူး. .

မိန်းမယုတ် ၀ဒီရာ. . .နင်ဘာတွေ ကြံနေတာလဲ<<

'ဘာအရေးကြောင့် ၀ဒီရာကို လှမ်းခေါ်ရပါသလဲ သခင်ကြီး'

နယ်စားမင်းက မယ်စံဝါကို ပြန်မဖြေဘဲ လက်ကာပြပြီး. . နောက်ထပ်သေရည်တစ်ခွက်ကို ထပ်ငှဲ့လိုက်သည်။

ခဏကြာတွင်. .

ကျွန်ယုံက ၀ဒီရာနှင့်အတူ ပြန်လည်ရောက်ရှိလာလေသည်။

'ရိုသေလေးစားစွာ ဦးခိုက်ပါတယ် ခမည်းတော်. .အဘယ်အရေးကြောင့် ကျွန်တော်မျိုးမကို ဆင့်ခေါ်ပါသနည်း'

ကျွန်မယောက်ျား သိကြားသားတော် Myanmar Zaw Gyi VersionWhere stories live. Discover now