အပိုင်း (၉) ပန်းဦးလွှတ်ပွဲ (က)

83 3 0
                                    

နောက်တစ်နေ့မနက်မှာတော့ အခန်းထဲမှာပိတ်လှောင်ခံနေရတဲ့ ၀ဒီရာဖျားနေပါသည်။

သတင်းက အဲ့လိုသာလွှင့်ထားတာ

တကယ်တော့ ၀ဒီရာတစ်ယောက် အိမ်တော်ထဲကနေ လစ်ထွက်လာခဲ့တာပါ။ စောင်အောက်မှာ ခေါင်းအုံးပဲကျန်တယ် လူကမရှိတော့ဘူး။ နယ်စားမင်း စိတ်ဆိုးမှာစိုးလို့ မယ်မယ်က ဖုံးပေးထားတာပါ။ နဂိုထဲက ဘယ်သူမှ စိတ်မ၀င်စားတဲ့ မယ်ဝဒီမို့ နေမကောင်းလို့အိပ်နေတယ်ဆိုတာနဲ့ အားလုံးကလွယ်လင့်တကူပဲ ယုံသွားကြတာပါ။

မယ်မယ်လည်း ပန်းဦးလွှတ်ပွဲကို သွားကြည့်တာမကြိုက်ပါဘူး။ ဒါပေမယ့် ပြောမရတဲ့အဆုံး လွှတ်ပေးလိုက်ရတာလေ။ သမီးမြန်မြန်ပြန်လာခဲ့ပါ့မယ်ဆိုပြီး နှစ်သိမ့်ခဲ့ရတာပေါ့။

ဝေဠူဝေဠင်းမို့ အားလုံး အိပ်မောကျနေတာကို အခွင့်ကောင်းယူပြီး ပြတင်းပေါက်က ခိုးဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။ ထုံးစံအတိုင်း အိမ်တော်ထဲမှ လစ်ထွက်နေကျ အနောက်ခြံဝင်းဘက်မှ အပြင်သို့ထွက်လာခဲ့ခြင်း ဖြစ်သည်။

သည်တစ်ခေါက် အိမ်တော်ကနေထွက်ရတာ အရင်လိုသိပ်လွယ်ကူမနေတော့ပါ။

ဘာလို့လဲဆိုတော့ ၀ဒီအမြဲခုန်ကူးနေကျ သစ်ပင်ကြီးဆီက သစ်ကိုင်းတွေကို တစ်စုံတစ်ယောက်က ခုတ်ထားလို့လေ. .၊ ဒါ့ကြောင့် ခြံစည်းရိုးကြားက ဟနေတဲ့ သစ်သားချောင်းတွေကို မနည်းတိုးပြီး ထွက်လာခဲ့ရတယ်။

သည်နေ့တော့ ပန်းဦးလွှတ်ပွဲကို ကိုယ်တိုင်သွားကြည့်မှဖြစ်ပေမည်။ ထိုပွဲအကြောင်းကို စာအုပ်စာပေများထဲတွင် သေချာရှာဖတ်ထားသော်လည်း တကယ်စာစီစာကုံးရေးမည်ဆိုပါက ၂ မျက်နှာပင် ကောင်းကောင်းမရသလို ဖြစ်နေ၏။

>>စူလနဒီတို့ဆိုရင် အခုချိန်လောက်ဆို ဆယ်မျက်နှာလောက်တောင် ရေးပြီးနေလောက်ပြီ။ သူ့မယ်မယ်မဆုံးခင်က အရည်းကြီးကျောင်းတော်မှာ အလုပ်အကျွေးပြုခဲ့ဖူးတာလေ။<<

ခိုးထွက်လာရတာမို့ လူတွေအာရုံသိပ်မစိုက်မိအောင် အ၀တ်အစားကိုလည်း ထင်ထင်ပေါ်ပေါ်မ၀တ်ဘဲ ခပ်အုပ်အုပ်ခပ်မှိန်မှိန် ၀တ်လာရတယ်ဆိုပါတော့။

ကျွန်မယောက်ျား သိကြားသားတော် Myanmar Zaw Gyi VersionWhere stories live. Discover now