အပိုင်း (၈) မင်းမိန်းမများနှလုံးသား

42 0 0
                                    

အိမ်ရှေ့စံ နန္ဒစည်သူ၏ ခေါ်သံကိုကြားလိုက်ပေမယ့် ပြေးနေတဲ့သူမရဲ့ခြေထောက်တွေက အရှိန်တွေ လျော့မသွားသေးပါ။

ရှေ့ဆက်သွားနေစဲ. .၊

"၀ဒီရာ"

ခပ်မာမာလှမ်းခေါ်သံနှင့်အတူ သူမ၏လက်ကို နန္ဒစည်သူက လှမ်းဆွဲလိုက်သောကြောင့် ၀ဒီရာတစ်ယောက် ရပ်တန့်သွားရသည်။ ထို့နောက် အောင့်သက်သက်ဖြင့် အနောက်ကို ပြန်လှည့်ကြည့်လိုက်ပြီး

အိမ်ရှေ့စံမှ အားပါပါဖြင့် ဖမ်းကိုင်ထားသော သူမ၏လက်ကောက်ဝတ်ကို ပြန်ခါထုတ်လိုက်ကာ . . .

'မင်္ဂလာပါ အရှင့်သား. . . ' (ဂျစ်ကန်ကန်ဖြင့်)

"မင်္ဂလာပါ ဟုတ်စ?. . ဟူးဟူး.. မင်္ဂလာပါသာဆိုတယ် ဟူး.ဟူး.. "

နန္ဒစည်သူလည်း သူမအနောက်မှပြေးလိုက်လာရပုံရသည်။ အသက်ကိုခပ်ပြင်းပြင်းရှုရင်း သူ၏လေသံမှာ ဒေါသတွေပါနေသည်။

"ငါကိုယ်တော်. . လှမ်းခေါ်နေတာကိုတောင် . .. နားမထောင်ဘဲ . . ဘာလို့. .ဘာလို့ ထွက်ပြေးသွားရတာလဲ. ."

ဝဒီရာကလည်း သူ့ရဲ့ဒေါသတွေကို မျိုချလိုက်ပြီး

'မဟုတ်ပါဘူး။ ကျွန်တော်မျိုးမ အရှင့်သားရဲ့ပျော်ရွှင်နေတဲ့အခိုက်အတန့်ကို အနှောက်အယှက် မပေးချင်လို့ပါ . . . '

မယ်ဝဒီက ၀တ်ကျေတမ်းကျေ ပြန်ဖြေလိုက်ပေမယ့် အကင်းပါးလှသော အိမ်ရှေ့စံနန္ဒစည်သူက သူမ ကောက်သွားမှန်းချက်ချင်းသိလေသည်။

မသိပဲနေရိုးလား. . ၊ သူနဲ့လက်ထပ်မယ့် ကြင်ယာတော်လောင်းက တခြားမိန်းကလေးတစ်ယောက်နဲ့ မြူးတူးကျီစားနေတာကို မြင်သွားတဲ့ကိစ္စ. .

"အဟမ်း. .အဟမ်း"

နန္ဒစည်သူက ချောင်းတချက်ဟန့်ကာ မျက်နှာပြန်တင်းသွားပြီး

"အချိန်တန်ရင် မင်းမိဖုရားဖြစ်မယ့်သူက ဒီလိုမျိုးကလေးဆန်နေလို့ မရဘူးလေ"

ဝဒီရာ ဒေါသထောင်းခနဲထွက်သွားသည်။ ခုနက စိတ်တိုနေရာကနေ ကလေးဆန်တယ်လို့ပါ အပြောခံလိုက်ရတော့ အဲ့ဒီ့ပြောတဲ့ပါးစပ်ကို ပိတ်ပိတ်ပြီးရိုက်ပစ်ချင်တာ. . .

ကျွန်မယောက်ျား သိကြားသားတော် Myanmar Zaw Gyi VersionWhere stories live. Discover now