အပိုင်း (၁၀) ပန်းဦးလွှတ်ပွဲ (ခ)

75 2 0
                                    

ယခုလက်ရှိ အရည်းကြီးခေါင်းဆောင်မှာ ၀၀ပြည့်ပြည့် ခန့်ခန့်ညားညားနှင့် မျက်နှာထား တည်ကြည်သည်။ အရည်းကြီးတို့ထုံးစံ ရေငုတ်ခြင်း၊ နေပူထဲတွင် လက်ပွေ့သတ်ခြင်းများ ရှိသောကြောင့် အသားအရေမှာ အနည်းငယ်ညိုခြောက်ပါသည်။

သို့သော် တကိုယ်လုံးဝတ်ဖြူစင်ကြယ်ကို ၀တ်ဆင်ထားသောကြောင့် အင်မတန်ကြည်ညိုဖွယ် ကောင်းလှပေသည်။ ရှင်အရည်းကြီး ၀တ်ဆင်ထားသော လက်စွပ်မှ ပြည်တန်ပတ္တမြားကြီးက နေရောင်အောက်တွင် ဖိတ်ဖိတ်တောက်လျှက်. . .

ဂိုဏ်းချုပ်ကြီး၏ အနောက်တွင် ဘယ်လက်ရုံးနှင့် ညာလက်ရုံး နှစ်ဦးရှိပါသည်။ ဘယ်လက်ရုံးက အရပ်ပုပု အသားမဲမဲ ရုပ်ဆိုးဆိုးနှင့် မျက်နှာမှာလည်း မှဲ့သီးများ ရှိပါသေးသည်။ ညာလက်ရုံးကတော့ အရပ်ရှည်ပေမယ့် မျက်နှာက အင်မတန် ရက်စက်ပြတ်သားမည့်ပုံ. .

>>ဟုတ်မှာပေါ့. . ရှင်အရည်းကြီးရဲ့ လက်ရုံးတွေဆိုတော့ တကယ်အားကိုးလောက်ရတဲ့သူတွေ ဖြစ်ရမှာကိုး<<

"ငါ့သား ငါ့သမီးတို့"

ရှင်အရည်းကြီး ဂိုဏ်းချုပ်၏စကားသံက ဟိန်းထွက်လာပြီး၊ အသံသြဇာပါသောကြောင့် နားထောင်ရသည်နှင့်ပင် ကျောထဲအထိစိမ့်၍ချမ်းသွားစေသည်။

"ယနေ့ဟာ အင်မတန် မင်္ဂလာရှိတဲ့နေ့ပဲ. . .၊ ယနေ့ပွဲကို ကြွရောက်လာတဲ့ သမီးပျိုလေးများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

တန်ခိုးအကြီးဆုံးဖြစ်တဲ့ အရည်းကြီးတို့ ကိုးကွယ်ရာ နတ်ဘုရားကြီးကို မြင့်မြတ်တဲ့ ပန်းဦးဆက်သခြင်းဆိုတဲ့ အင်မတန်လှပတဲ့ ဓလေ့လေးကို မိရိုးဖလာ ထိန်းသိမ်းသွားကြရမှာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးမှသာ နတ်ဘုရား၏ ကောင်းချီးပေးခြင်းကို ခံရပြီး တိုင်းပြည်က တရားဝင်ခွင့်ပြုတဲ့ မင်္ဂလာပွဲကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပွဲပြီးသွားတဲ့ နောက်တစ်နေ့မှာတော့ ပန်းဦးလွှတ်ပွဲအောင်မြင်ကြောင်း သက်သေခံ တံဆိပ်တော်ကို ကျွန်းသားပေါ်မှာ ကဗျည်းထိုးပြီး အောင်မြင်သူတစ်ဦးခြင်းစီကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ကျွန်မယောက်ျား သိကြားသားတော် Myanmar Zaw Gyi VersionWhere stories live. Discover now