အပိုင်း (၁၂) မိန်းမရိုင်းလေး (ဗလ၏ point of view)

102 2 0
                                    

"ဝေး. ." (လူအများ ကြွေးကြော်အော်ဟစ်သံ)

'ဟေးဟေး. .' (အမျိုးသားများ ရယ်သံ)

စပါးကျီအနောက်က တလင်းပြင်မှာ လုံခြုံရေးရဲမက်တွေ ကြွေအံကစားနေကြသည်။ အော်သံဟစ်သံ အားပေးသံများ ဆူဆူညံညံနှင့် စည်ကားနေကြအတိုင်း စည်ကားလျှက်၊ သူတို့နံဘေးမှ မီးပုံငယ်လေးကလည်း မမှိတ်မသုန် တောက်ပစွာရှိနေပါသည်။

ဗလက ထိုလူအုပ်များ၏ ဝေးရာသို့လျှောက်လာရင်း ခေါင်းတခါခါနှင့် သက်ပြင်းချမိလေသည်။

>>သည်နေ့အဖို့လည်း ညကင်းကို သူတို့အစားကျွန်တော်ပဲ စောင့်ပေးရအုံးမှာပေါ့။ မင်းစောင့်ဖို့ မလိုပါဘူးကွာ ဆိုပေမယ့် ၀ီရိယဆိုတာ ပိုတယ်မိရှိဘူးလေ။

ဟိုတလောကလည်း အဲလိုပဲ လုံခြုံရေးပေါ့လျော့မိကြလို့ ခြံထဲကို တောဝက်ရိုင်းတွေ ၀င်လာကြတာ မဟုတ်လား. . .

ဒါလေးစောင့်ကြည့်ပေးရတာ ဘာမှမပင်ပန်းပါဘူး<<

ခေါင်းပေါ်အထိ အုပ်၍ခြုံထားသော ၀တ်ရုံ၏အနားစကို မျက်နှာဖုံးလုနီးပါး ဆွဲချလိုက်ပြီး ပန်းပဲအလုပ်ရုံအနောက်ဖက်က စိုက်ခင်းများရှိရာသို့ ပေါ့ပေါ့ပါးပါးလေး လမ်းလျှောက်လာပါသည်။

သူ၏မျက်နှာကို စံအိမ်တွင်းက အလုပ်သမားအတော်များများက မြင်ဖူးပြီးသားဖြစ်သော်လည်း အများသူငှာ စိတ်အနှောက်အယှက်ဖြစ်မှာစိုးသောကြောင့် အမြဲလိုလို ဟူဒီဖြင့်နေခြင်းဖြစ်သည်။

ဂျွတ်. . ဂျလွပ်. . (သစ်ကိုင်းကျိုးသံ)

အသံကြားလိုက်သည်နှင့် ဗလ၏မျက်လုံးများက ပန်းပဲရုံအနောက်မှ သစ်ပင်ကြီးထံသို့ ရောက်ရှိသွားလေသည်။

>>တောဝက်တွေ လာပြန်ပြီလား. . ?<<

ခြံစည်းရိုးအနားသို့ ချည်းကပ်သွားသောအခါ

>>ဟော. . . ဟိုမှာ လုံးလုံးလုံးလုံးနဲ့ တွေ့ပါပြီ တစ်ကောင်၊

တောက်. . ငါဒီလောက် စည်းတားထားတဲ့အထဲက ရအောင်တိုးဝင်လာသေးတယ်။

ကွာ. . .အစောင့်တွေ တွေ့သွားလို့ကတော့ မင်းဒီည အရက်နဲ့မြည်းခံရတော့မှာ<<

ကျွန်မယောက်ျား သိကြားသားတော် Myanmar Zaw Gyi VersionWhere stories live. Discover now