အပိုင်း (၂၀) လူယုတ်မာ

64 1 1
                                    


မယ်ဝဒီ လိုက်ပါလာသော ထမ်းပိုးတောင်းကြီးက နယ်စားမင်းအိမ်တော်နဲ့ တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီ။ တောင်းက တညိမ့်ညိမ့်ခရီးနှင်နေပေမယ့် အထဲမှာတော့ အသက်တောင် ပြင်းပြင်းမရှုဘဲ မလှုပ်မလျက်ထိုင်ရင်း . .

>>သြော်. . . ဒီအိမ်တော်ကြီးကို ငါဒီလိုနည်းနဲ့ လမ်းခွဲခဲ့ရမယ်လို့ တသက်လုံး ထင်တောင်မထင်ထားခဲ့ဖူး။ ငယ်ငယ်လေးထဲက ဒီအိမ်တော်ကနေ ခေါင်းမော့ရင်ကော့ပြီး ငါစွန့်ခွာနိုင်ရမယ်လို့ တွေးခဲ့ဖူးတယ်။

ငါတို့သားအမိကို နှိမ်တဲ့ကိုယ်လုပ်တော်တွေ ပါးစပ်အဟောင်းသားနဲ့ အားကျပြီးကျန်ခဲ့ရမယ့် သူမျိုးအဖြစ်နဲ့ အိမ်တော်ကနေ ထွက်သွားမယ်လို့ စိတ်ကူးထားဖူးတာပေါ့။

တကယ်ဆို မနေ့ကအထိ ငါဟာ. . . . အိမ်ရှေ့စံရဲ့ ကြင်ယာတော်လောင်းအဖြစ်နေထိုင်ခဲ့တာပါ။

အဲဒီ့ဘ၀ရောက်ဖို့အတွက်လည်း ငါ့မှာရှိသမျှ အစွမ်းအစတွေကို သွေးနဲ့ချွေးနဲ့ရင်းပြီး ကြိုးစား တည်ဆောက်ခဲ့တာလေ. . .<<

သူမ တွေးရင်းတွေးရင်း မျက်ရည်ဝဲလာသည်။

>>အခုတော့ ငါ့လက်နဲ့ ငါကိုယ်တိုင်ဖျက်ဆီးပစ်ရလိမ့်မယ်လို့ မထင်မိဘူးကွယ်. . .

တသက်လုံး လက်ခံထားတဲ့ အယူအဆတွေ၊ ခံယူချက်တွေ. . . ဒါတွေအကုန်မှားသွားတဲ့တစ်နေ့. .၊ ဒါတွေအကုန်ပြောင်းပြန်ဖြစ်တဲ့တစ်နေ့မှာ. . . ငါ့ဘ၀လည်း ကမ်းမမြင်လမ်းမမြင်ပျောက်ဆုံးသွားရ တာပါပဲ. .<<

လက်ထဲက ပတ္တမြားဆွဲကြိုးကို ရင်ဝတ်လွှာကြားထဲသို့ သေချာထိုးထည့်ရင်း. . နားထဲမှာ နယ်စားမင်း အရင်ကမှာကြားခဲ့သော စကားများကို ပြန်လည်ကြားယောင်လာသည်။

'သူတိုးသမီးတို့၏တန်ဖိုးသည် လင်၏ဥစ္စာငွေကြေးပေါ်ကိုလိုက်၍ ပြောင်းလဲသည်။ နိမ့်ကျသောလင်နှင့် ကြင်ဖက်သောသူတိုးသမီးသည် တန်ဖိုးမဲ့၍၊ ကြီးမြတ်သောလင်သားနှင့် ဆုံမက်သောသူတိုးသမီးသာလျှင် လူလောက၏ အထွတ်အမြတ်ထားခြင်းကိုခံရမည်။'

သူမက နူတ်ခမ်းလေးကိုက်၍

>>ဟုတ်တယ်။ ကျွန်မငယ်ငယ်က အနှိမ်ခံခဲ့ရတယ်။ အဲ့အတွက် ကျွန်မကြီးပြင်းလာတဲ့အခါ လူတွေရဲ့ အပေါ်ကိုရောက်ချင်တာတော့အမှန်ပဲ။ ဒါပေမယ့် ကျွန်မမှာလည်း ကျွန်မတန်ဖိုးထားတဲ့အရာလေးတွေရှိတယ်။ ဥပမာ ကျွန်မရဲ့ခန္ဓာကိုယ်ကို အဲ့ဒီ့ရှင်အရည်းကြီးတွေ လက်ထဲအရောက်မခံချင်တာမျိုးပေါ့။ အကယ်၍ ကျွန်မက အိမ်ရှေ့စံရဲ့ ကြင်ယာတော် မဖြစ်ရလို့ အဲလိုပတ်ဝန်းကျင်ကလူတွေ အထွတ်အမြတ်ထားတာ ခံဖို့ကို မရွေးချယ်တော့ဘူး ဆိုရင်ရော . ..

ကျွန်မယောက်ျား သိကြားသားတော် Myanmar Zaw Gyi VersionWhere stories live. Discover now