မိတ်ဆက် + ရှင်းလင်းချက်

6.2K 209 5
                                    


How to say I love you
Description

လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။ သို့သော် အချို့မှာမူ စတင်တွေ့ဆုံစဉ်က သဘောကျမိသည့်တိုင် သိလေလေ ပိုပြီး နားလည်ရခက်သည်ဟု ခံစားမိလာလေပင်ဖြစ်သည်။

ရုပ်ရှင်ဧကရာဇ် ကျိမြန်၏ အမြင်တွင် သခင်ငယ်လေး ရှောင်ကျားရှုသည် အထက်စီးဆန်ကာ အဆိပ်ပြင်းသည့်ပါးစပ် ပိုင်ဆိုင်ထားသည့်အပြင် အခြားသူတို့၏ ဘဝကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးရန် မိမိ၏ တောင့်တင်းလှသောနောက်ခံကို အပြည့်အဝ အသုံးချထား‌တတ်သည့် အလိုလိုက်ခံထားရသော လူချမ်းသာ သခင်လေးပင်ဖြစ်သည်။ သို့သော် သူ့တွင် တစ်ပါးသူတို့၏ စိတ်ကို ဖတ်နိုင်သည့်အစွမ်း ရလာချိန်တွင်တော့ ရှောင်ကျားရှုမှာ တစ်ကမ္ဘာလုံးရှိ နှစ်လိုဖွယ်အကောင်းဆုံး လူသားလေးတစ်ဦး ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ဒါကတော့ သူ့ကို မုန်းတီးနေသူတွေကို ပါးစပ်ပိတ်သွားစေပြီး အံ့ချီးလောက်တဲ့ အရည်အချင်းတွေနဲ့  တစ်လောကလုံးကို ကိုင်လှုပ်သွားမယ့် သရုပ်ဆောင်ခြင်းကို အရူးအမူးစွဲလမ်းနေတဲ့ ရှောင်ကျားရှုရဲ့ အောင်မြင်ကျော်ကြားလာပုံတွေပဲ ဖြစ်ပါတယ် ...
🎥

xxxxx
❄️❄️❄️❄️❄️

အဇူး လေးမှာပြောစရာရှိပါတယ်။

ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Paid မှာတော့ Completed ဖြစ်ပြီးသားပါ။gp မှာတော့ ongoing ပေါ့။

ကိုယ်ကတော့ free အပိုင်းတွေပဲ တင်ပေးမှာပါ။ကြိုဖတ်ချင်ရင်တော့ IQ team Page ကို link လာတောင်းကြပါ။ကိုယ် link ချပေးပါ့မယ်။😇😇😇

ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။(အမှန်အတိုင်းပြောရရင် ဓားပြသွားတိုက်လာတာပါ😆😆😆)

ဒါလေးကတော့ အဇူးအရမ်းကြိုက်တဲ့အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပြီး IQ Team က အဖွဲ့၀င်တွေကလည်း  wp မှာပြန်လည်တင်ပေးနေပါတယ်။ဒါပေမဲ့ အဇူးက အရမ်းကြိုက်တဲ့အတွက် မျက်နှာအရေထူစွာနဲ့ပဲ တကယ့်ကို ဓားပြအစစ်တစ်ယောက်လို အရှင်းလေးဆီကနေ ဓားပြသွားတိုက်လာခဲ့တာပါ။(ခုမှ တကယ်ဓားပြစစ်စစ် ဖြစ်သွားတာ😅😅😅)

IQ Team ရဲ့ အသစ်ထပ်ဖွင့်ထားတဲ့ acc တွေထပ်ပျက်မှာစိုးလို့ လိုချင်တဲ့သူများရှိရင် msg box မှာပဲ မေးပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်

ဒီ၀တ္ထုရဲ့ မြန်မာဘာသာပြန် မူရင်းအပိုင်က IQ Team လေးဖြစ်ပါကြောင်း နဲ့ ပြန်လည်တင်ပြခွင့်ပေးတဲ့အတွက် အဇူးလေးကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း ....

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now