33 - 34

919 130 2
                                    

Chapter 33

ထိုညတွင်လည်း ရှောင်ကျားရှုမှာ ထုံးစံမပြတ်ပင်၊ ရှောင်ချီကျဲ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြန်သည်။ သူ့ကို တစ်နေကုန် လည်ပတ်ကစားနေရုံမှလွဲ၍ ဘာမှ မသိနားမလည်ဟု ပြောဆိုသော်ငြား ရှောင်ကျားရှုမှာမူ ယခင်ကကဲ့သို့ ဝမ်းနည်းပက်လက် ခံစားချက်မျိုး ဖြစ်မနေတော့။ ထိုအစား သူတကယ် လုပ်ဆောင်ရန် အလိုရှိသည့် အသက်မွေးဝမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည့်အတွက် စိတ်အေးချမ်းသာနေတော့သည်။

သူသည် အသက်ဆယ်နှစ်အရွယ်ကတည်းက နိုင်ငံခြားသို့ အပို့ခံခဲ့ရသူဖြစ်ရာ ပြည်တွင်းသတင်းများကို မဆိုထားနှင့်၊ ပြည်တွင်းအနုပညာ‌သတင်းများကိုပင် များစွာ စိတ်မဝင်စားခဲ့သည့်အတွက် ကျိမြန်၊ ရှစ်ထင်းဟန်နှင့် အခြားနာမည်ကြီးများကိုပင် ကြားဖူးရုံမှအပ ကောင်းစွာ မသိကျွမ်းချေ။ ယခုမူ ကျိမြန်အကြောင်း ပိုပြီး သိနားလည်နိုင်ရန် အလို့ငှာ သူ၏ ရုပ်ရှင်အားလုံးကို ပြန်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် ကွန်ပျူတာရှေ့တွင် ကြာရှည်ကြာမြော အချိန်ဖြုန်းလိုက်မိကာ ၄ နာရီ ထိုးသည်အထိ မအိပ်ရသေးချေ။ မနက် ၇ နာရီ ထိုးသည်နှင့် တစ်ပြိုင်နက် ကတိုက်ကရိုက် အိပ်ယာထကာ စတူဒီယိုသို့ ၈နာရီအမှီ ရောက်ချလာပြီး မှတ်စုစာအုပ်တစ်အုပ်ကိုင်ကာ လောကျန်းဝေ့၏ အနောက်သို့ တကောက်ကောက် လိုက်နေတော့သည်။

"ဘာတွေ လုပ်နေတာလဲ ..."

လောကျန်းဝေ့က မျက်ရည်များ ကျလာသည်အထိ ရယ်ကာမောကာဖြင့် မေးလိုက်သည်။

"ဆရာ့ဆီကနေ သင်ယူချင်လို့ပါ ..."

ရှောင်ကျားရှုက စိတ်ဓာတ်တက်ကြွစွာဖြင့် ပြောလိုက်သည်။

"အိုး ... နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်သွားပြီပေါ့ ဟုတ်လား ဂိမ်းတွေ ထပ်မဆော့တော့ဘူးလား ..."

လောကျန်းဝေ့မှာ အံ့ဩသွားသည့်တိုင် အလွန်လည်း ဝမ်းသာမိပေသည်။

"ရုပ်ရှင်ရိုက်ရတာက ပိုပျော်ဖို့ကောင်းတယ် ကျွန်တော် သဘောကျတယ် ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now