81 - 82

1K 138 6
                                    

Chapter 81

လီကျားအာသည် ဟဲရီ၏ ညီညီမများဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုအချိန်က အမျိုးမျိုးသော သတင်းများ ပျံ့နှံ့လာကာ သူမ၏ မိဘများပါ အဖော်ထုတ်ခံလိုက်ရတော့သည်။ လူတိုင်းက ထိုမိသားစုတစ်ခုလုံး၏ အကျည်းတန်မှုကို မျက်ဝါးထင်ထင် တွေ့ကြုံပြီးဖြစ်၍ ရှောင်ကျားရှု၏ စကားများကို တစ်ဖက်စောင်းနင်းဆန်လွန်းသည်ဟု မမြင်ကြ။

နင်က စာချုပ်ကို ဖျက်လိုက်တယ် ဟုတ်လား ဒါဆို ငါယူရိုက်မယ် နာမည်ကြီးလာမှ နောင်တမရနဲ့ ...

လီကျားအာ၏ အနုပညာလမ်းကြောင်းမှာ အစောကြီးကတည်းကပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

သူမ ငြင်းခဲ့တဲ့ ရိုက်ကွင်းက အခု နာမည်ကြီးနေပြီးတော့ ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ မင်းသမီးကလည်း အဆင့် ၁၈ ကနေ B အဆင့်အထိ ခုန်တက်သွားနိုင်တာ ဘယ်လိုလုပ် နောင်တမရဘဲ နေမလဲ နောင်တရလွန်းလို့ သွားဖုံးတွေတောင် ညိုမဲနေလောက်ပြီ သူမသာ ကျိမြန်ရဲ့ ကြင်နာမှုကို ပြန်ပြီး ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ဒီဇာတ်ကားကို ရိုက်ဖို့ သဘောတူလိုက်ရင် အခုအချိန်လောက်ဆို အခြေအနေက တစ်မျိုးဖြစ်ချင် ဖြစ်နေဦးမှာ အခုတော့ အားလုံး နောက်ကျသွားပြီ ...

လီကျားအာ၏ သနားစဖွယ် အခြေအနေကို သတိရသွားသည့် ပရိသတ်များက စိတ်သက်သာရာ ရဟန်ဖြင့် အားရပါးရ အော်ဟစ်အားပေးလိုက်ကြတော့သည်။

တင်ဆက်သူက စနောက်လိုက်သည်။

"ရှောင်ရှုမြောင်မှာလည်း ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့ ဥက္ကဌပုံရိပ်မျိုး ရှိနေ‌တာပဲ ဒီဟာက မင်းအစ်ကိုရဲ့ ဝိသေသလက္ခဏာလို့ပဲ ထင်ထားခဲ့တာကို ကြည့်ရတာ  "ဒီနေ့ ငါ့ကို လျစ်လျူရှုထားတဲ့သူတွေ မနက်ဖြန် နေထွက်တာကို မမြင်ရအောင် လုပ်ပစ်မယ်" ဆိုတာလိုပေါ့ ဒီလောကထဲမှာ ကျင်လည်မယ်ဆို လမ်းကြောင်းမှန်ကို ရွေး၊ ကောင်းတာတွေ လုပ်ပြီးတော့ ကိုယ့်ရှေ့မှာ ရှိတဲ့ အခွင့်အရေးကို ကောင်းကောင်း တန်ဖိုးထားမှ ရမှာ ..."

ရှောင်ကျားရှုက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့မျက်နှာမှာ ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now