134

1K 149 1
                                    

Chapter 134
Sue Xing NwayApril 15, 2023
Chapter 134





ကျိမြန်က သူ့လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားလိုက်မိတော့သည်။ တရိပ်ရိပ်ထိုးတက်နေသော ခံစားချက်တို့မှာ နေရာအစုံကို ပျံ့နှံ့သွားဟန်ပင်။ ရှောင်ကျားရှု၏ ခံစားချက်ကို တုန့်ပြန်ရန် အလို့ငှာ သံသယအားလုံးကို ပစ်ချ၍ U.S သို့ လိုက်လာခဲ့သည့် ဆုံးဖြတ်ချက်သည် တစ်သက်တာအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေပေသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူတို့၏ ဆက်ဆံရေးမှာ အချိန်တိုက်စားမှုကြောင့် ဖြစ်စေ၊ အချို့သော အကြောင်းပြချက်များ၏ နှောင့်ယှက်မှုကြောင့်ဖြစ်စေ အဆုံးသတ်ကောင်း သတ်ရနိုင်သည့်တိုင် ယခုအချိန်တွင် ခံစားရသည့် စစ်မှန်မှုနှင့် စိတ်အားထက်သန်မှုအတွက် လုံးဝ နောင်တရလိမ့်မည် မဟုတ်ချေ။

ရှောင်ကျားရှုကို ရင်ခွင်ထဲ ပွေ့ဖက်လျက်ပင် ဓာတ်လှေကားထဲမှ ထွက်လာကာ အခန်းရှိရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တံခါးရွက်တွင်ကပ်ကာ အတင်းအကြပ် နမ်းရှိုက်လိုက်တော့သည်။ သူမည်မျှပင် အငမ်းမရ ဖြစ်နေပါစေ ရှောင်ကျားရှုက ခေါင်းကိုမော့ကာ နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟလျက် သူ အတတ်နိုင်ဆုံး ပြင်းရှစွာ ပြန်လည် တုန့်ပြန်ပေးနေလိုက်သည်။ အခြားအကြောင်းအရာကိုပင် မစဉ်းစားနိုင်။ သူ့စိတ်ထဲတွင် လှပကာ မျက်စိမလွှဲနိုင်လောက်စရာ မီးရှူးမီးပန်းတို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည်ကိုသာ တွေ့လိုက်ရတော့သည်။

ကျိမြန်၏ စိတ်ထဲရှိ မီးရှူးမီးပန်းတို့်မှာ သူ့ဘဝတစ်လျောက် မြင်ခဲ့ဖူးသမျှထဲတွင် အလှပဆုံးမြင်ကွင်းပင် ဖြစ်ပေသည်။

အနမ်းခံနေရသည့်‌ ရှောင်ကျားရှုမှာ အသက်ရှူ ရပ်တော့မတတ်ပင်။ လုံးဝဥဿုံ အောက်ဆီဂျင် ပြတ်မသွားခင် ကျိမြန်က လွှတ်ပေးလိုက်၍သာ တော်သေးသည်။ ထို့နောက် ကျိမြန်က သူ့ကို အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။

"ရှောင်ရှု မင်းရဲ့ နမ်းတဲ့အရည်အချင်းက‌ လေ့ကျင့်ဖို့ လိုနေသေးတယ် ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now