23 - 24

931 121 0
                                    


Chapter 23

ကျိမြန်က သူကို ပြောမပြတတ်လောက်အောင် အလိုလိုက်ပေးလိုမှုတို့ ပြည့်လျှံစွာဖြင့် ပြန်ကြည့်လိုက်သည်။

အခြားသရုပ်ဆောင်များက အဆက်အသွယ်များ ချဲ့ထွင်နေကြသော်ငြား ရှောင်ကျားရှုကမူ ဗိုက်ပြည့်သည်နှင့်တစ်ပြိုင်နက် အိမ်ပြန်သွားတော့သည်။ ဤအသိုင်းအဝိုင်းထဲသို့ ရောနှောလိုခြင်း အလျဉ်းမရှိပေ။ သူ့အနေဖြင့် အဆက်အသွယ်ရှိခြင်း မရှိခြင်းမှာလည်း များစွာ အရေးမပါလှချေ။

...

နောက်တစ်နေ့တွင် "တမန်တော်" ရိုက်ကူးရေးကို တရားဝင် စတင်လိုက်တော့သည်။  NG scene များ အများအပြား ရိုက်ကူးမိပြီး ကံဆိုးမိုးမှောင်ကျခြင်းကို မကြုံနိုင်စေရန် အလို့ငှာ ဒါရိုက်တာက လွယ်ကူသည့် အခန်းများဖြင့်သာ စတင်ရန် ဆုံးဖြတ်လိုက်သည်။

ကော်ဖီတစ်ခွက်ကို ကိုင်ကာ အပြင်ဘက်တွင် ရပ်နေသော ရှောင်ကျားရှု၏ မျက်နှာ၌ မရေရာမှုတို့ကို အခန့်သား တွေ့နေရသည်။ ဟွမ်ကျိကျင်းက သူ့ကို ရိုက်ကွင်းနေရာအကြောင်း ညွှန်ပြနေသည်။

"ကြည့် အဲဒါက အဓိက ကင်မရာ ဒါက ရှုခင်းအကုန်လုံးကို ခြုံပြီး ရိုက်တဲ့နေရာမှာ သုံးတာ ပြီးတော့ ဒီကင်မရာတွေ ဒါတွေကကျ အနီးကပ်ရိုက်ချက်အတွက် မင်းက ဒီနားကို လျှောက်လာပြီး နံရံကို မှီနေလိုက်ရင် ကင်မရာတွေက မင်းရဲ့ အမူအယာကို ရိုက်ကူးထားလိမ့်မယ် ဒါကိုသာ ကောင်းကောင်းမလုပ်နိုင်ရင် မင်းရဲ့ သရုပ်ဆောင်တဲ့ စွမ်းရည် ဘယ်လောက်ကောင်းကောင်း အလကားပဲ စခရင်ပေါ်ကို ရောက်လာတော့မှာ မဟုတ်၊ ပရိတသတ်ကလည်း သတိထားမိတော့မှာ မဟုတ်ဘူး ပြီးတော့ မတ်တပ်ရပ်တဲ့နေရာမှာလည်း အလင်းရောင် ဘယ်နေရာကနေ ထွက်လာသလဲဆိုတာ အာရုံစိုက်ထား အလင်းရောင်မကောင်းတဲ့နေရာမှာ မနေမိစေနဲ့ ..."

အဆုံးတွင်မူ ဟွမ်ကျိကျင်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"အရမ်းကြီး စိတ်လှုပ်ရှားနေဖို့ မလိုဘူး ဒီအပိုင်းက အရမ်း ရိုးရှင်းတော့ သေချာပေါက်ကို ကောင်းကောင်း ရိုက်နိုင်မှာပါ ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Opowieści tętniące życiem. Odkryj je teraz