152 & 153

888 116 5
                                    

Chapter 152
Sue Xing NwayApril 22, 2023
Chapter 152







ကျိမြန်က သူ၏ တဆတ်ဆတ်တုန်ရီနေသော ခန္ဓာကိုယ်ကို ပုတ်ပေးရင်း သူ့စိတ်ကိုလည်း ပြန်လည်ပြင်ဆင်လိုက်သည်။

"ဒါမှမဟုတ် ကိုယ် အရင် ခုန်ချကြည့်ရင်ရော ..."

သူကိုယ်တိုင် ခုန်ချကာ လုံခြုံရေးကိရိယာများမှာ စိတ်ချနိုင်ဖွယ်ရာ ရှိကြောင်း မစစ်ဆေးရပါလျှင် ရှောင်ကျားရှု ခုန်ချသည်ကို ထိုင်ကြည့်နေရန် မဆိုထားနှင့်၊ နှစ်သိ့မ်စကားပင် ပြောပေးနိုင်မည် မဟုတ်ချေ။

"ဘာကိုလဲ ..."

ရှောင်ကျားရှုက နားဝေတိမ်တောင် ဖြစ်သွားသော်ငြား ချက်ခြင်းပင် သဘောပေါက်သွားတော့သည်။

"လုံးဝ လုံးဝကို မရပါဘူး ကော ခုန်ချလို့ မရဘူးနော် ကောကို ခုန်ချခွင့် မပေးဘူး ..."

သူက ကျိမြန်၏ ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ထိုခွန်အားတို့မှာ မည်သည့်နေရာမှ ထွက်လာသည်မသိ၊ တစ်ဖက်သူကို ဆွဲမကာ ခုန်ချမည့် တံတားဘက်ခြမ်းနှင့်‌ ဝေးရာသို့ပင် ရွှေ့ပေးနိုင်‌လိုက်တော့သည်။

ရှောင်ကျားရှု၏ လည်ပင်းကို ဖက်တွယ်လျက် ခြေထောက်တို့မှာ မြေကြီးနှင့်ပင် မထိတော့၊ တံတားလက်ရန်းမှ ဝေးရာသို့ တစ်ဖြည်းဖြည်း ဆွဲခေါ်သွားခံလိုက်ရသည့် ကျိမြန်က နဖူးကို လက်ဖြင့် အုပ်ကိုင်ထားရင်းသာ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။

ဘုရားရေ ဘယ်လိုကုသိုလ်တွေကြောင့်များ ဒီလောက် ချစ်စရာကောင်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ခဲ့ရပါလိမ့် တကယ်ကြီးကို ထိန်းမထားနိုင်တော့ဘူး ...

ကြောက်ရွံ့ပူပန်မှုအားလုံး ပျောက်ကွယ်ကာ စိတ်လှုပ်ရှားမှုကိုသာ ခံစားလိုက်ရတော့သည်။ 

"ရှောင်ရှု ကိုယ့်ကို အမြန်အောက်ပြန်ချပေး ..."

သူ့ကောင်လေး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ကိုယ် အရင် ခုန်ချမယ် ဘာ ပြဿနာမှ မရှိတာ သေချာမှ မင်းက လိုက်ပြီးခုန်ချ ကိုယ် ခုန်ချနေတုန်း တစ်ခုခုဖြစ်သွားမှာကို မင်း စိုးရိမ်သလို ကိုယ်လည်း စိုးရိမ်တာပဲ ဆိုတော့ နှစ်ယောက်လုံး စိတ်အေးရအောင် နှစ်ယောက်လုံး ခုန်ကြမယ် မင်းအတွက်ဆို ကြောက်ရွံ့စိတ်ကိုလည်း ရင်ဆိုင်ရဲတယ် ဘယ်လိုလဲ မင်းရော လုပ်နိုင်လား..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now