139

930 135 5
                                    

Chapter 139
Sue Xing NwayApril 17, 2023

Chapter 139

"ပျောက်သွားပြီ ..."

ကျိမြန်က အောက်ခံမိတ်ကပ် လိမ်းပြီးနောက် ပြန်လည်ဖြူဝင်းသွားပြီဖြစ်သော လည်တိုင်လေးကို ခပ်သာသာကိုင်ကာ နှမြောတသဖြစ်စွာဖြင့် ပြောလိုက်သည်။

ရှောင်ကျားရှုက သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည့်တိုင် စိတ်ထဲတွင်မူ ချော့မော့သည့်လေသံဖြင့် တီးတိုးပြောလိုက်မိဆဲဖြစ်သည်။

ပြန်ရောက်ကာကျမှ စိတ်ကြိုက် ပြန်လုပ်ခိုင်းမယ်လေ လုပ်ချင်သလောက်သာလုပ် ဟုတ်ပြီလား ...

ဒါက မင်းနှုတ်ခမ်းကနေ ဘာတွေ ပွစိပွစိ ပြောနေသလဲ ဆိုတာ ဖြစ်ရမယ် မင်းခန္ဓာကိုယ်ကတော့ ရိုးသားသားပဲ ...

ကျိမြန်က သူ၏ လုံးဝန်းနေသော နားသန်သီးများကို ဆိတ်ဆွဲကာ ခပ်ဟဟ ရယ်မောလိုက်သည်။

ရှုထျန်းယု၏ "လှပမှု" ကို ဖော်ပြနိုင်ရန် အလို့ငှာ ဇာတ်ညွှန်းထဲတွင် San Dui ကို အသုံးပြုထားပြီး ၎င်းမှာ တရားဝင် ဇာတ်ကောင်စရိုက် ဖြစ်လာတော့သည်။ စတိုင်လစ်က သူ့မျက်ခုံးကို နားထင်ရှိရာသို့ အလျားလိုက် ပျံသန်းနေသည့် ဓားတစ်လက်နှယ် တစ်ဖြောင့်တည်း ဆွဲပေးထားပြီး မျက်လုံးထောင့်စွန်းကို eyeliner ဖြင့် highlight လုပ်ပေးကာ  smoky color ကို ခပ်ဖျော့ဖျော့ ခြယ်သပေးလိုက်သည်။ နှုတ်ခမ်းတို့ကို ဂရိတ်ဖရုသီးရောင် ဆိုးပေးထားပြီး ဆံပင်ကို အနည်းငယ်ကောက်ကာ လက်ချောင်းများကို သုံးလျက် ပုံသွင်းပေးလိုက်သည့်အခါ အနည်းငယ် ပွ‌ယောင်းယောင်းနှင့် ဖရိုဖရဲ ဖြစ်နေသည့်တိုင် စတိုင်လည်း မိမိုက်သွား‌တော့သည်။

ထို့နောက် မိတ်ကပ်များ ပျက်မသွားရန် အလို့ငှာ loose powder တစ်လွှာ အုပ်ပေးလိုက်ပြီးကာမှ စတိုင်လစ်က နောက်အနည်းငယ် ဆုတ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဘယ်လိုလူကများ "pretty bitch" ဆိုတာနဲ့ ကိုက်ညီနိုင်မှာလဲလို့ တွေးခဲ့တာ အခု ရှောင်အာ့ရှောက်ကို မြင်မှပဲ သဘောပေါက်သွားတော့တယ် ..."

မှန်ထဲကို ကြည့်နေသည့် ရှောင်ကျားရှုမှာမူ အားလုံးက မှားယွင်းနေသည်ဟုသာ ခံစားလိုက်ရတော့သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now