103 - 104

984 149 9
                                    

Chapter 103

သူ့ဘဝတစ်လျှောက်လုံး လိုချင်သမျှ အရာတိုင်းကို ရာနှုန်းပြည့် အားစိုက်ထုတ်ကာ ကြိုးစားရမည်ဟုသာ သင်ကြားခံထားရသည့်အတွက် စာလေ့လာချိန်တွင်လည်း အကောင်းဆုံး လေ့လာခဲ့ကာ သရုပ်ဆောင် လုပ်ရမည့်အချိန်တွင်လည်း အားကုန်ထုတ်ကာ ကြိုးစားသရုပ်ဆောင်ခဲ့ပေသည်။ ထို့ကြောင့် ငါးဆားနူတစ်ကောင်သဖွယ် လဲလျောင်းနေကာ ကြိုးစားသူများကိုသာ လက်ညှိုးထိုးတတ်သည့် အင်တာနက်သုံးစွဲသူများ၏ ခံယူချက်ကို လုံးဝ နားမလည်နိုင်ချေ။ ထိုသူတို့၏ အမြင်တွင် ထူးဆန်းသည့် လုပ်ရပ်များမှာ သူ့အမြင်တွင်မူ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဖြစ်ပေသည်။

ချီးကျူးချက်များကို တစ်ခုပြီးတစ်ခု like ပေးနေသည့် သူ့ပုံစံမှာ စိတ်အားတက်ကြွမှု အပြည့်ပင်။

ကျိမြန်လည်း ရှောင်ကျားရှု၏ ခံစားချက်များကို တစ်ဖန် ရှင်းရှင်းလင်းလင်း ပြန်ခံစားမိလိုက်တော့သည်။ ထို့ကြောင့် မူလက တိတ်တဆိတ် သိမ်းထားရန် ကြံထားသော expression pack များကို  @ ဟု နာမည်မရေးဘဲ “ချစ်စရာကောင်းတယ်” ဟုသာရေးပြီး တင်လိုက်သည်။

သရဖူလေးများမှာ ထိုပို့စ်အောက်တွင် စုရုံး၍တစ်ခါ ရှောင်ကျားရှု၏ ပို့စ်အောက်တွင်တစ်လှည့် အကြိမ်ကြိမ် သွားကြည့်နေသည့်တိုင် ထိုသူနှစ်ဦးကို လုံးဝ နားမလည်နိုင်ကြချေ။ သို့သည့်တိုင် ထို expression pack များမှာ ခံစားချက် ပေါ်လွင်နေကြောင်းကိုတော့ ငြင်းပယ်၍ မရချေ။

ရှောင်ကျားရှု၏ ပုံစံမှာ ချက်ခြင်းလက်ငင်းပင် ငိုချတော့မည့်ဟန်။ ဂေါ်ဖီထုပ်သဖွယ် သနားစရာကောင်းနေပြီး မေးကို မြင့်မြင့်မြှောက်ထားသည်မှာ လူတိုင်းကို နှာခေါင်းပေါက်ဖြင့် စိုက်ကြည့်နေသည့်အတိုင်းပင်။ ခက်ထန်လှသည့် အမူအယာနှင့်အတူ မေးစေ့ကို လက်ညှိုးဖြင့် ထောက်ထားပြီး “ကျောင်းဆင်းရင် ပြန်မသွားနဲ့ဦး” ဟူသည့် စာကိုပါ ပူးတွဲထည့်ထားပြီး ကျောင်းလူမိုက်တစ်ဦး၏ ပုံရိပ်ကို အပြည့်အဝ သရုပ်ဖော်ထားသည်။ ခြောက်ခုမြောက်မှာ နာမည်အကြီးဆုံးပင်ဖြစ်သည်။ အိပ်ယာပေါ်တွင် ဒူးထောက်ထိုင်နေပြီး ကြီးမားသော မျက်ဝန်းများက အပေါ်သို့ စိုက်ကြည့်နေကာ မျက်နှာချိုသွေးဟန် အပြုံးတစ်ပွင့်ကိုလည်း ချိတ်ဆွဲထားသေးသည်။ ကျိမြန်က ထိုပုံကို “လူတော်လေး” ဟု ခေါင်းစဉ်တပ်ကာ အသဲပုံတစ်ခုပါ ဆွဲပေးထားလိုက်သေးသည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now