အခန်း - ၂

167 24 0
                                    

လခန့်ကြာသော်

"Trilogy Café"

စိုင်းဆိုင်နော်ဖ နှင့် နေဝန်းရံခတို့ နှစ်ယောက်ပေါင်းပြီး ပြင်ဆင်ထားသော Trilogy Cafe ဆိုင်လေးသည် Mexican Vibe အပြည့်နှင့် တဖြည်းဖြည်းပုံပေါ်လာလေပြီ။ ဆိုင်ထဲကိုဝင်လိုက်သည်နှင့် ထူးခြားဆန်းသစ်သော ခံစားချက်ကို ရရှိအောင် နံရံတွေ အပြည့် အုတ်ကွက်ဒီဇီုင်းဖော်ထားပြီး နံရံများပေါ်တွင် ကောင်းဘွိုင်ဉီးထုတ်များ , ကားနံပါတ် ပြားများနှင့် သစ်သားဘီးလုံးများ အပြည့်ချိတ်ဆွဲထားသည်။

မျက်နှာကြက် နေရာကိုတော့ သစ်သားတန်းများကို ချိတ်ဆွဲထားပြီး အဝါရောင်မီးအိမ်များက တွဲလောင်းကျနေသည်။ ဆိုင်၏ မီးအလင်းရောင်သည် ဝါကျင့်ကျင့်လေး ဖြစ်ကာ အမှောင်ဘက်ကို သွားပြီး နောက်ခံတေးဂီတအဖြစ် Country သီချင်းများကို တိုးညှင်းစွာဖွင့်ထားသည်။

ထိုင်ခုံနှင့်စားပွဲများကိုမူ စည်ပေပါအဟောင်းများကို Decorate အမိုက်စား ပြန်လုပ်ပြီး အသုံးပြုထားသည်။ တစ်ဆိုင်လုံး အဝါရောင်နှင့် အနက်ရောင်ကိုသာ အဓိက သုံးထားပြီး နူးညံ့သော ဟန်ပန်မျိူးထက် နဲနဲကြမ်းတမ်းသော ကောင်လေးတစ်‌ယောက်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြု၍ ထူးထူးခြားခြားလေး ပုံဖော်ထားသည်။

"နောက်အပတ်လောက်ထဲ Menu ကတ် Design လေးကို အပြီးဆွဲပေးနိုင်မလား ဗျ နောက်လထဲ ဆိုင်လေး စဖွင့်တော့မှာမို့ပါ"

နေဝန်းရံခက ဝန်ထမ်းတစ်ချိူ့ကို Kitchen ထဲမှာ Training ပေးနေတုန်း စိုင်းဆိုင်နော်ဖက ဆိုင်ရဲ့ Logo နှင့် Menu ကတ် ဒီဇိုင်းကို ဆွဲပေးသော Graphic Designer နှင့် စားပွဲဝိုင်းတစ်လုံးတွင် အတူတူထိုင်ရင်း တိုင်ပင်နေသည်။

"ဟုတ်ကဲ့ အစ်ကို ကျွန်တော် ကြိုးစားပေးပါ့မယ် ဈေးနှုန်းလေးတွေကရော အခု ပေးတဲ့ဟာက Final လားဗျ ထပ်ပြီးအပြောင်းအလဲမရှိတော့ပါဘူးနော်"

"ဟုတ်ကဲ့ မရှိတော့ပါဘူးဗျ Menu လေးကို ဆိုင်နဲ့ Theme နဲ့ လိုက်ဖက်အောင် ဆွဲပေးဖို့ပဲ အကူအညီ တောင်းပါတယ်"

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Where stories live. Discover now