အခန်း - ၆

127 22 2
                                    

စိုင်းဖ သူ့ကို စကားပြန်မပြောသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။ ဆိုင်မှာ ဆိုရင်လည်း သူ့အလုပ်သူသာ ပုံမှန်လုပ်လျက် သူ့ကို နဲနဲလေးမှ ဂရုမစိုက်သော စိုင်းဖသည် ညပိုင်းတွေဆိုရင်လည်း သူနဲ့ ထိပ်တိုက်မဆုံမိအောင် သူ့အိမ်သူသာ ပြန်အိပ်တတ်သည်။ သုံးရက်လုံးလုံးစိုင်းဖအား ကြိုးစားပမ်းစား လိုက်ချော့ခဲ့ပေမယ့် ရလဒ်ကတော့ အခုအချိန်ထိ ဇီးရိုးပင်။ တစ်ခါမှ ဒီလောက်အကြာကြီး စိုင်းဖ သူ့ကို စိတ်မဆိုးဖူးတာကြောင့် တဖြေးဖြေး စိုးရိမ်ပူပန်လာရပေသည်။

"တီတီ စိုင်းဖ အိမ်မှာ ရှိလား"

ဆိုင်ပိတ်ရက်ဖြစ်တာမို့ပဲလားမသိ။ နေ့ခင်း ၁၁ နာရီထိုးပြီးသည်အထိ စိုင်းဖဆိုင်ဘက်ကို ပေါ်မလာသောကြောင့် နေခ စိုင်းဖအမေဆီ ဖုန်းဆက်ကြည့်လိုက်သည်။ သူ့ဖုန်းကိုတော့ စိုင်းဖက ပြသနာဖြစ်တဲ ညကတည်းက Blacklist လုပ်ထားလေသည်။

"ခုနလေးတင် အပြင်ထွက်သွားတယ်သားရဲ့ ဆိုင်ကိုလာတာ မဟုတ်ဘူးလား"

တီတီက သူတို့ကြားထဲမှာရှိသော ပြသနာကို သိဟန်မတူပေ။

"ဟုတ် တီတီ.... ဆိုင်ကိုတော့ မလာဘူး .. ဒီနေ့က ပိတ်ရက်လည်း ပိတ်ရက်ဆိုတော့ ..သူဘယ်သွားမယ်လို့ ပြောသံကြားမိသေးလဲ တီတီ"

"အဲတာတော့ မပြောသွားဘူး သား စိုင်းဖက တစ်ခါမှအိမ်ပြန်မအိပ်စဖူး အိပ်နေတာဆိုတော့ သားတို့ကြား ပြသနာတစ်ခုခုဖြစ်ထားသေးလား"

"အထွေအထူးတော့ မရှိပါဘူး တီတီ  ဒီတိုင်း စိတ်ဆိုးစိတ်ကောက်နေကြရုံပါ  စိုင်းဖပြန်လာရင်
ကျွန်တော်ဖုန်းဆက်တယ်လို့ ပြောပေးပါဉီးဗျ"

"အေး အေး သား"

တီတီနှင့် ဖုန်းပြောပြီးသည်နှင့် နောက်တစ်ကောက သူ့ဖုန်းထဲတန်း ဝင်လာသည်။ နေခသက်ပြင်းအသာချလိုက်ကာ အစိမ်းရောင် ခလုတ်လေးကို အပေါ်ဆွဲတင်လိုက်သည်။

"ဖုန်းက ဘာလို့ Busy ဖြစ်နေတာလဲ နေခ..ဘယ်သူနဲ့ပြောနေတာလဲ"

ဖုန်းကို နားနားကပ်လိုက်သည်နှင့် သက်တန့်ရဲ့အသံစူးစူးက နားထဲ အတောင့်လိုက်ဝင်လာသည်။

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Where stories live. Discover now