အခန်း - ၈

150 24 6
                                    

ပြင်ဉီးလွင်မြို့အစွန်ရှိ ကြီးမားကျယ်ဝန်းလှသော အပန်းဖြေ Villa ကြီးတစ်ခုရှေ့တွင် ကားလေးနှစ်စီး ထိုးရပ်သွားသည်။  ပထမကားပေါ်တွင် ပန်းသွန်း , စိုင်းဝမ််လှိုင်းနှင့် ဝန်ထမ်းအသစ်နှစ်ယောက်တို့ပါပြီး ဒုတိယကားပေါ်တွင်တော့ နေခ , စိုင်းဖနှင့် ထက်ရှား တို့စုံတွဲပါလာကြသည်။

ပန်းသွန်းတို့ ကားဟွန်းတီးသံကြားပြီ မကြာမီမှာပင် ခြံစောင့်ကတံခါးလာဖွင့်ပေးသောကြောင့် သူတို့ကားလေးနှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဝင်လာကြသည်။

"ကိုစိုင်းတို့ အေးဆေးနားကြဉီးနော် ပန်းသွန်း သေချာပြင်ခိုင်းထားတယ် ဒါက ကိုစိုင်းတို့အခန်းသော့ "

"အေး ခြံကတော့ ရေလည်မိုက်တယ် ပန်းသွန်းရေ.. ငါတို့ လျှောက်ပတ်ကြည့် လိုက်ဉီးမယ်"

စိုင်းစိုင်းနော်ဖက ပန်းသွန်း ပေးလာသော အခန်းသော့ကိုလှမ်းယူကာ Villa အား လှည့်ပတ် ကြည့်ရှုရင်းပြောလိုက်သည်။ ပန်းသွန်းက သူ့ရဲ့ ၁၇ နှစ်ပြည့် မွေးနေ့ကို ပြင်ဉီးလွင်က သူ့တို့မိသားစုပိုင် Villa မှာ ကျင်းပချင်တယ်ဟုဆိုကာ Trilogy တစ်ဖွဲလုံးကို ချောဆွဲလာသောကြောင့် ဆိုင်ရှင်နှစ်ယောက်အပါအဝင် တစ်ဖွဲလုံး ပြင်ဉီးလွင်ကို လိုက်လာရသည်။ မနက်ဖန်ကလည်း ဆိုင်ပိတ်ရက်မို့ ဒီနေ့ညနေဆိုင်ကို စောစောပိတ်ကာ ပန်းသွန်းရဲ့မွေးနေ့ကို အကြောင်းပြု၍ ကားနှစ်စီးနှင့် ပြင်ဉီးလွင်သို့
ချီတတ်လာကြခြင်းဖြစ်သည်။  

သူတို့ဆိုင်ကဝန်ထမ်းဆိုပေမဲ့ ပန်းသွန်းရဲ့မိဘနှစ်ပါးဟာ ကျိတ်ကျိတ်တက် ချမ်းသာကြတာမို့ သူတို့မိသားစုပိုင် Villa ဟာလည်း ရုပ်ရှင်တွေထဲက အိမ်တွေထက်ပင် ကောင်းလွန်းနေသေးသည်။

ငါးဧကလောက် ကျယ်သော ခြံဝန်းအကျယ်ကြီးတွင် ခြံအဝင်တံခါးဝမှစတင်ကာ ထင်းရှူးပင်များကို လျှောက်လမ်းတစ်လျှောက်လုံး အပြည့်စိုက်ပျိူးထားသည်ကိုတွေ့ရသည်။ ခြံအတွင်းပိုင်းတစ်ခုလုံးကိုလည်းတောအုပ်လေးသဖွယ်သစ်ပင်များ အုံဆိုင်းနေအောင်စိုက်ပျိူးထားပြီး ရေစီးကျနေသော ရေတံခွန်အသေးစားလေးလည်းရှိကာ ရေတံခွန်ကိုဖြတ်သွားသော ကြိုးတံတားလေးတစ်ခုကိုလည်း တွေ့ရသည်။ ကြိုးတံတားအနားတွင်လည်း သစ်ပင်ကိုချိတ်ဆွဲထားသော ကြိုးပုခက်တစ်ခုကို တွဲလောင်းချထားပြီး  ညဘက်မီးလှုံရင်း စကားပြောလို့ရသည့် ဘန်ဂလို သေးသေးလေး များကလည်း ချစ်စဖွယ်တည်ရှိနေကြသည်။

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ