အခန်း - ၅

118 20 2
                                    

"I can be your hero , baby
I can kiss away the pain
I will stand by you forever "

"ဒီသီချင်းက  ၈ တန်းတုန်းက နင်ငါ့ကို အမြဲဆိုပြနေကျ သီချင်းနော်"

သက်တန့်က သူ့လက်ထဲက Cocktail ခွက်ကို နေခ လက်ထဲက ဘီယာခွက်နှင့် လာတိုက်ရင်း နေခအားမျက်ဝန်းရွဲကြီးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဟုတ်လား ငါတောင် သိပ်မမှတ်မိတော့ဘူး"

ဒီသီချင်းဆို သက်တန့်အတွက် ရည်ရွယ်ပြီးဆိုပြခဲ့ဖူးသလားဆိုတာနေခ သေသေချာချာ မမှတ်မိတော့ချေ။ ၈တန်းတုန်းက ပုံရိပ်ဆိုလို့ စိုင်းဖနဲ့အတူ ကျောင်းလစ်ပြီး မိန်းကလေးဆောင်ရှေ့ဂစ်တာခိုးတီးလို့ မိဘခေါ်ခံခဲ့ရတာကိုပဲ အမှတ်ရသည်။ အဲဒီတုန်းက ဒီသီချင်းကိုဆိုခဲ့မိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

"ထားပါ .. ဒါနဲ့ နင်ငါ့ကို ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ "

"အင်း"

နေခက ချောင်းတစ်ချက်ဟန့်လိုက်ရင်း စိတ်တွေကို စုစည်းလိုက်သည်။ သက်တန့်ကို သေချာကြည့်မိတော့ ပေါင်လယ်လောက်ပဲရှိသော အနက်ရောင် တစ်ကိုင်းကြိုး ဂါဝန်အတိုအပြတ်လေးကိုဝတ်ထားသည်။ ခန္ဓာကိုယ်ပြည့်ပြည့်လေးရယ် မျက်နှာဝိုင်းဝိုင်းကလေးရယ်နှင့် မျက်စိရှေ့ကဆရာဝန်မလေးကို ကြည့်ရင်း နေခ သက်ပြင်းမောတစ်ခုချလိုက်သည်။ ဘာဘီရုပ်လေးလိုမျက်တောင်ရှည်ရှည်လေးများနှင့် မိတ်ကပ်လိမ်းခြယ်ထားပုံကလည်း နူးနူးညံ့ညံ့နဲ့ ချစ်စရာကလေးဟု ခံစားမိစေသည်။ သက်တန့်ရဲ့ အနေအထားကို ကြည့်မိတော့လည်း သူပြောမည့် စကားတို့ကို ကြိုသိပြီး နားထောင်ရန် အဆင်သင့် ဖြစ်နေသလို။

"ငါ‌လေ နင့်ကို ..."

နှုတ်ခမ်းလေး လှုပ်ရုံမှာပဲ စိုင်းဖ ပြောခဲ့ဖူးသော စကားက သူ့နားထဲ ပဲ့တင်သံတွေကဲ့သို့ ထပ်တလဲလဲ ကြားယောင်လာသည်။

"တခြားမိန်းကလေးတွေနဲ့ဆို ငါသဘောတူတယ် အဲဒီမိန်းမနဲ့တော့ လုံးဝမပတ်သက်ပါနဲ့ ကွာ ငါ သူ့ကို အရမ်းမုန်းလွန်းလို့ပါ"

နေခ နှုတ်ခမ်းတွေ လေးပင်လာသည်။ ပြောချင်သည့်စကားတို့က ရှေ့မရောက်နိုင်တော့ပဲ တစ်ခုခုက ဆွဲငင် ချူပ်နှောင်ထားလေသည်။

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Unde poveștirile trăiesc. Descoperă acum