အခန်း - ၃

147 24 2
                                    

ဆိုင်မဖွင့်ခင် တစ်လလောက်အလိုကတည်းက ခန့်ထားသော ဝန်ထမ်းတွေက နေ့တိုင်းဆိုင်ကိုလာကာ Training ဆင်းရသည်။ လူငယ်နှစ်ယောက်ဖွင့်ထားသည့်ဆိုင်ဖို့ ငယ်ငယ်ရွယ်ရွယ်နှင့် ကြိုးစားချင်စိတ်ပြင်းပြသော လူငယ်လေးတွေကိုသာ ဆိုင်အတွက် ရွေးချယ်ပြီး ခန့်ထားသည်။

ကောင်လေး နှစ်ယောက် နှင့် ကောင်မလေးတစ် ယောက်။ သုံးယောက်လုံးက ရုပ်ရည်ပိုင်းမှာလည်း ချောချောလှလှလေးတွေမို့ ဆိုင်ရဲ့ရောင်းအားအတွက် တစ်ဖက်တစ်လမ်းကလည်း Marketing ဆင်းပြီးသားဖြစ်သွားသည်။

            "မောနင်း ကိုစိုင်း"

            ဆိုင်ဖွင့်ချိန်မတိုင်ခင် ဆယ့်ငါးမိနစ်အလိုလောက်ကတည်းက ပန်းသွန်းချယ်က ဆိုင်ကိုအရင်ဉီးဆုံး ရောက်လာသည်။ တစ်ရပ်ကွက်တည်းနေသည့် ချမ်းသာသည့်အိမ်က တရုတ်မလေးမို့ အတွေ့အကြုံရအောင် သူတို့ဆိုင်လေးမှာ ဝန်ထမ်းလာလုပ်ပေမယ့် ပန်းသွန်းချယ် စီးသည့်ကားအမျိူးအစားက ဆိုင်ရှင်ဖြစ်သော သူတို့ကားလေး ထက်ပင် မော်ဒယ်မြင့်နေသေးတာမို့ ဒီကောင်မလေးကလည်း ခေသူတော့မဟုတ်ချေ။

ပန်းသွန်းချယ်ရောက်ပြီး သိပ်မကြာခင်မှာပဲ စိုင်းဝမ်လှိုင်းဆိုသော ရှမ်းကောင်လေး ထပ်ရောက်လာသည်။ Kitchen အကူဖြစ် သည့်ထက်ရှားနိုင်ဆိုသည့် ကောင်လေးကတော့ အားလုံးရဲ့နောက်ဆုံးမှ  အိပ်ချင်မူးတူးနှင့် ရောက်လာသည်။

            "ထက်ရှား ဆယ်မိနစ် နောက်ကျတယ်နော် ဆိုင် တကယ်ဖွင့်ရင် နောက်မကျစေနဲ့ ကြားလား မင်းက နေခကို မီးဖိုချောင်မှာ ဝိုင်းကူရမှာ"

            "ဟုတ်ကဲ့ ကိုစိုင်း ကျွန်တော် နောက်သတိထားပါ့မယ်"

            ထက်ရှားနိုင်က စိုင်းဆိုင်နော်ဖကို ခေါင်းငြိမ့်ပြလျက် နေခရှိရာ Kitchen ထဲကို အကူလုပ်ရန် ဝင်သွားလေသည်။ ပန်းသွန်းချယ်ကတော့ စိုင်းဆိုင်နော်ဖနဲ့အတူ Barista တာဝန်ကို လက်တွဲယူထားရပြီး စိုင်းဝမ်လှိုင်းကတော့ လတ်တလော စားပွဲထိုးတာဝန်ကို ယူထားလေသည်။

            "စိုင်းဖ ငါတို့အပြင်ခဏသွားရအောင် လိုအပ်တဲ့ အသီးတွေ သွားဝယ်ရမှာ"

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Where stories live. Discover now