အခန်း - ၇

146 26 1
                                    

"အရမ်းချစ်တယ် နေခ"
"အရမ်းချစ်တယ် နေခ"
"အရမ်းချစ်တယ် နေခ"

မျက်စိနှစ်လုံး ဖြတ်ကနဲပွင့်လာသည်နှင့် နေခနားထဲ ထိုအသံကို ထပ်ခါတလဲလဲ ကြားယောင်နေမိသည်။အိမ်မက်ထဲမှာလည်း ပါသည်။ အိပ်ယာနိုးလာတော့လည်း ခေါင်းထဲက ထွက်မသွား။ နေခနားထင်တွေကိုနှိပ်နယ်ကာ ကုတင်ပေါ်က မထသေးပဲ မနေ့ည ကကိစ္စကို သေချာပြန်စဉ်းစားနေမိသည်။

စိုင်းဖ တကယ်မှားပြောတာပဲ ဖြစ်မှာပါ။ ဒါမှမဟုတ် သူ နားကြားမှားတာပဲ ဖြစ်မှာပါ။

  "ဒေါက် ..ဒေါက်"

နေခတစ်ယောက်တည်း အိပ်ယာပေါ်အိပ်ချင်မူးတူးနဲ့စဉ်းစားခန်းဖွင့်နေတုန်း တံခါးခေါက်သံနှစ်ချက်ထွက်လာသည်မို့ စောင်ကို ခေါင်းမြီးခြုံပြီး ပြန်အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

စိုင်းဖနဲ့ မတွေ့ရဲဘူး ။ မျက်နှာပူလိုက်တာ။

ခြေသံတရှပ်ရှပ်သည် နေခ အနားကို ကပ်လာသည်နှင့် နေခမျက်နှာတစ်ပြင်လုံး ထူပူလာပြီး ခေါင်းမြီးခြုံထားသော စောင်အောက်ကနေ တစ်ယောက်တည်း အတွေးများနေမိသည်။ ခြေသံကလည်းနေခနှင့်နီးသထက်နီးလာပြီး နေခကုတင်နားမှာရပ်သွားသည်။ 

စောင်ကိုလှန်ကြည့်လိုက်ရင် ဒုက္ခပါပဲ။ ဒါနဲ့ နေပါဉီးမှားပြောတယ်ပဲဆိုဉီး။ အဲလိုပြောလိုက်တာက စိုင်းဖလေ။ ရှက်ချင်ရှက် သူ ရှက်ရမှာကို ။ ငါကဘာလို့ အထိမခံနိုင်အောင် ရှက်နေရတာလဲ။

နေခသည် ကိုယ့်ဘာသာ တစ်ယောက်တည်း သတိပေးနေရင်း ဖြစ်နေရာဖြစ်ဟု တွေးကာ စောင်ကို လှန်ချလိုက်သည်။

"အမလေး"

တစ်ဖက်လူက ကိုယ့်ကိုလန့်ပြီး အော်လိုက်မှ နေခ သက်ပြင်းချလိုက်မိသည်။ နေခ ကုတင်ဘေးမှာ ရပ်နေသူက စိုင်းဖ မဟုတ်ပဲ စိုင်းဝမ်လှိုင်း ဖြစ်နေသည်။ စိုင်းဝမ်လှိုင်းက အမေရိကာနိုတစ်ခွက်ကိုနေခ ကုတင်ဘေးက စားပွဲပေါ် လာထားနေသည့်အချိန် စောင်ခေါင်း မြီးခြုံအိပ်နေသော နေခကရုတ်တရက် ထထိုင်လိုက်တာကြောင့် လန့်သွားရခြင်းဖြစ်သည်။

"ကိုနေခရယ် လန့်တာဗျာ ဖြည်းဖြည်းလုပ်ပါ ကျွန်တော်က အသဲငယ်တတ်တယ်ဗျ"

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Where stories live. Discover now