အခန်း - ၁၀

186 18 2
                                    

Pool Party (စိုင်းဆိုင်နော်ဖ'POV)

"ပန်းသွန်းတို့နဲ့ စကားပြောနေပေမယ့် ကိုစိုင်းမျက် လုံးတွေက ကိုနေခဆီပဲ ရောက်နေတာပဲ"

မိန်းကလေးအုပ်စုနဲ့ တစ်ယောက်တည်းကျန်နေ
ခဲ့ရင်း ထက်ရှားဘေးမှာထိုင်နေသည့် နေခအား မကြာခဏ ခိုးကြည့်မိနေသော သူ့ကို ပန်းသွန်းက သံသယဝင်ကာ မေးလာခဲ့ခြင်း။

သူ ကိုယ်တိုင်လည်း ပန်းသွန်းမေးချင်စရာကောင်းလောက်အောင် ထက်ရှားဘေးမှာ နီးကပ်လွန်းစွာထိုင်နေသော နေခကိုကို ကြည့်၍ ပတ်ဝန်းကျင်ကိုပင် သတိမမူနိုင်အောင် သဝန်တိုစိတ်က ငယ်ထိပ်ရောက်နေရသည်။

သူ့အနားကထွက်သွားတဲ့ နေခရဲ့လက်ကို လှမ်းဆွဲ ထားလိုက်ချင်သော်လည်း ကောင်မလေးတွေက သူ့ဘေးပတ်လည်မှာဝိုင်းနေသောကြောင့် နေခအား တားဆီဖို့အခွင့်အရေးမရလိုက်။

"ထက်ရှားက Gay မဟုတ်လား အဲတာကြောင့် နေခကို စိတ်ပူလို့ပါ"

"ကိုစိုင်းကလည်း ကိုထက်ရှားကောင်လေးလည်း ပါတာကို ဘာတွေကြံဖန်ပူနေတာလဲ ပြီးတော့ကိုနေခကလည်း ယောကျာ်းလေးချင်း စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ"

ပန်းသွန်းရဲ့ထင်မြင်ချက်ကြောင့် ရင်ဘတ်ထဲ အောင့်သက်သွားရသူက သူကိုယ်တိုင်ပင်။

သူ့အတွေးတို့က လွန်ခဲ့တဲ့တစ်ပတ်လောက်က သက်တန့်ဆိုတဲ့ မိန်းမနဲ့ နေခအတူတူ အိပ်ခဲ့သည့်ညဆီသို့ပြန်လည်ရောက်ရှိသွားသည်။ အစကတော့ နေခကို စိတ်ဆိုးမိခဲ့ခြင်းမှာ သက်တန့်ဆိုတဲ့ မိန်းမကိုမုန်းလွန်းသောကြောင့်သာဟု ထင်မြင်ယူဆခဲ့ပေမယ့် သူ့အတွေးတွေ မှားနေကြောင်းကို သူကိုယ်တိုင်ပင် ရှာဖွေတွေ့ရှိခဲ့ရသည်။

မေခကို ချစ်သလို သူ့နှလုံးသားဟာ နေခအပေါ်မှာလည်း စိတ်ရောက်နေသည့်အကြောင်းကို သိရှိခဲ့ချိန်မှာ သူ့ကိုယ်သူတောင် တခြားလူတစ်ယောက်လို ခံစားခဲ့ရသည်။ နေခနဲ့ ထက်ရှား အတူတူရယ်မောနေတဲ့ အချိန်တွေဆို သူ့ရဲ့ကော်ဖီကောင်တာတစ်ခုပေါ်ပဲ ကမ္ဘာကြီးကကွက်ပြိုနေသလို။အဆိုးဆုံးက မေခနဲ့ ပတ်သက်လာလျှင်တောင် သဝန်တိုမှုမရှိဘဲ အေးအေးဆေးဆေးပဲ ရင်ခုန်တတ်ခဲ့တဲ့သူက နေခနဲ့ဆိုလျှင်တော့ ရင်ခုန်သံတွေက အစ ပရမ်းပတာဖြစ်နေတာပင်။

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Où les histoires vivent. Découvrez maintenant