အခန်း - ၉ 🔞

221 26 6
                                    

အခန်းထဲသို့ရောက်သည့်အခါ စိုင်းဖအား ကုတင် ပေါ်လှဲခိုင်းလိုက်ပြီး အဝတ်လဲပေးရန်ပြင်ရသည်။ နှစ်ယောက်စလုံးရေစိုနေပေမယ့် ရေကူးဘောင်းဘီတစ်ထည်စီကိုသာ ဝတ်ထားကြတာမို့ အိပ်ယာခင်းတစ်ခုလုံးစိုရွဲမသွားတာပဲ တော်သေးသည်ဟုပြောရမည်။

နေခသည် မျက်လုံးများမှိတ်လျက် အပူအပင်ကင်းစွာ အိပ်ပျော်နေသော စိုင်းဖအား မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။

ရေစိုပြီး အချောင်းလိုက်ဖြစ်နေတဲ့ ဆံပင်တွေကြား ကပင် ဖြူနုသောမျက်နှာက ပကတိကြည်လင်ဝင်းပနေသည်။ Alcohol ကြောင့်နီထွေးနေသည့်ပါးပြင်
နှစ်ဖက်က မိတ်ကပ်ပစ္စည်းတို့၏အကူအညီမပါပဲ အနုပညာဆန်စွာ။ တောင့်တင်းကြံ့ခိုင်သောရင်အုပ် နှင့် နှစ်ရှည်လများ လေ့ကျင့်ထားသော ဝမ်းဗိုက် သားပေါ်က ဆွဲဆောင်မှုရှိလှသည့် အဖုအထစ်များဆီ အကြည့်တို့ရောက်သွားသောအခါ နေခစိတ်မထိန်းနိုင်စွာ လက်ကလေးနှင့်တို့ထိကြည့်လိုက်မိသည်။
မွှေးညှင်းစိမ်းနုနုလေးများက ချက်နားတစ် ဝိုက်တွင်လေယူရာယိမ်းနွဲ့နေသလို။

ရင်အုပ်ကစလို့ ဝမ်းဗိုက်တစ်လျှောက်ဖြေးဖြေးချင်း လက်ကလေးနဲ့ပွတ်ဆွဲလာရင်း ချက်အောက်နားသို့ရောက်သွားသည့်အခါမှ သတိလက်လွတ်ဖြစ်နေတဲ့ စိတ်အစုံက အသိစိတ် ပြန်ကပ်လာသည်။ နေခ၏ လက်တွေသည် နေခ ကိုယ်တိုင် သတိမထားမိခင်အချိန်မှာပင် စိုင်းဖရဲ့မိုးပြာရောင်ရေကူးဘောင်းဘီပေါ်တွင် တင်လျက်သား ဖြစ်နေလေသည်။

"ဟင် ငါဘာတွေလုပ်မိနေတာလဲ"

နေခသည် ကိုယ့်အဖြစ်ကိုတွေးရင်း ရှက်မိသွားကာ လက်ကို ဆတ်ခနဲ ပြန်ရုတ်လိုက်သည်။ အပူငွေ့တွေက နေခရဲ့အရေပြားထဲကနေ ပျံတက်လာသလို မျက်နှာတစ်ခုလုံး ပူထူလာလေသည်။

ကိုယ့်ဘာသာမလုံမလဲပြန်ငုံ့ကြည့်မိတော့လည်း တင်းကြပ်လာသည့် ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာက သူ့အား လှောင်ပြောင်နေသယောင်။

"နေခ သွားပြီ .. မင်း တကယ်ရူးသွားပြီ"

ပုံမှန်ထက်ပိုပြီး ဖောင်းလာတဲ့ သူ့ရဲ့လိမ္မော်ရောင်ရေကူးဘောင်းဘီကို နေခက ယောင်တောင်တောင်ပင် လက်ဖြင့်ကာလိုက်မိသည်။ တစ်ယောက်ယောက်ကများ CCTV ကနေ မြင်မိလျှင် အိပ်နေသော စိုင်းဖဘေးမှာ ကျုံ့ကျုံ့လေးထိုင်နေသည့် သူ့ပုံစံက အသပြာနှင့်ခန္ဓာကိုယ်ကို‌ရောင်းစားခံထားရသော မိန်းကလေးများနှင့်ပင် တူနေလေသည်။

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Where stories live. Discover now