အခန်း - ၁၁

235 21 2
                                    

ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများ ရွေ့လျား နေသည်နှင့် ဆန့်ကျင်စွာအကွေ့အကောက်များလှ သည့် ပြင်ဉီးလွင်-မန္တလေး တောင်ဆင်းလမ်းလေးသည် အေးစိမ့်သော ရာသီဉတုနှင့် ပနံသင့်ကာ လိုက်ဖက်လွန်းပေသည်။ တောင်ဆင်းလမ်းတစ်လျှောက်လုံးတွင် ကားကိုခပ် ဖြေးဖြေးမောင်းနှင်လာပြီး မန္တလေးမြေပြန့်၏ရှုခင်းတွေကိုအဝေးက ငေးမောနေရသည်မှာလည်း ဘဝ၏စိတ်သောကတွေကိုခဏတာလေးဖြစ်ဖြစ် ဖြေဖျောက်ပေးနိုင်သည့် သဘာဝအမောပြေဆေးလေး တစ်ခုလိုပင်။

"အဖြေရှာဆဲ ...ငါ့နှလုံးသားကို
ထပ်ပြီး မညာတော့ဘူး
သေချာတယ် ဒီစိတ်ကူးများကို
အနားမပေးနိုင်တော့ ရူး
သာယာတဲ့ နံနက်ခင်းတိုင်းမှာ ..
ကိုယ့်ရဲ့ဘေးနား ရှိပေးဉီး
ကြင်နာသူ ယုံကြည်ပေးပါ ..
ကိုယ့်ရဲ့ကွက်လပ်ကို နင်ဖြည့်ပါကွယ်"

ပန်းသွန်းတို့ကားလေး၏ နောက်တွင် ပုံမှန်အရှိန် လေးဖြင့် လိုက်ပါလာသော နေ ခတို့ ကားလေးထဲတွင် ရဲလေး၏ " ကိုယ်ရဲ့ကွက်လပ်" သီချင်းလေးက စည်းချက်ညီညီပျံ့လွင့်နေပေသည်။ စိုင်းဖသည် ခေါင်းလေးလှုပ်ကာ သီချင်းကို ခံစားချက်အပြည့်နှင့်လိုက်ဆိုနေသော ချစ်ရသူအား မကြာခဏ ခိုးကြည့်မိနေရင်းပင် မျက်နှာက အလိုလိုပြုံးနေမိသည်။

ဗမာအစစ်ဖြစ်သော်ငြားလည်း ညိုစိမ့်စိမ့်အသားအရည်က သွေးကြောလေးများ ဖောက်မြင်နေရသည်အထိ ကြည်လင်လှသည်။ ဓာတုပစ္စည်းတို့၏ အကူအညီမပါပဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အသားအရည်၏ကောင်းခြင်းက ကိုယ့်ကောင်လေး အတွက်တော့ ဘုရားပေးတဲ့ဆုပင်။

ပုံမှန်လေးမောင်းနေရာမှ ကော်ဖီဆိုင်သေးသေးလေးရှိသော View Point တွင် ရှေ့က ပန်းသွန်းတို့ ကားလေးရပ်သွားတာကြောင့် သူတို့ကားလေးပါ လိုက်ရပ်လိုက်သည်။

"ကိုစိုင်း အုပ်စုလိုက်ဓါတ်ပုံရိုက်ရအောင်လေ ပန်းသွန်း ကင်မရာယူလာတယ်"

ရှေ့ကားပေါ်က ပန်းသွန်းကဆင်းလာပြီး သူတို့ကားလေးဆီ ဉီးတည်လာတာကြောင့် စိုင်းဆိုင်နော်ဖက ကားမှန်တံခါးလေးကို ဖွင့်ပေးလိုက်သည်။ဘေးဘီ ဝဲယာတွင်လည်း သူလို ကိုယ်လို ဓါတ်ပုံရိုက်နေသူ အများအပြားရှိတာကြောင့် ပန်းသွန်းအား ခေါင်းငြိမ့်ပြလိုက်ကာ ကားလေးကို ဘေးသို့ကပ်ရပ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 04, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)Where stories live. Discover now