အခန်း - ၄

132 23 4
                                    

သာမာန်နေ့လေးတစ်နေ့ဆိုပေမယ့် နေခတို့ Trilogy ဆိုင်လေးအတွင်းမှာတော့ လာရောက်စားသုံးသူများနှင့် ပြည့်နှက်နေပေသည်။ မနက်ကတည်းက လူကျနေတာမို့ နေခ အပါအဝင်တစ်ဆိုင်လုံးရှိလူများ လက်မလည်အောင် အလုပ်လုပ်နေရပေသည်။

ဆိုင်မှာလာစားသူများသာမကပဲ Delivery Company များနှင့် ချိတ်ဆက်ပြီး မှာယူသူများက များပြားတာကြောင့် နေခနဲ့ ထက်ရှားနိုင်ရှိသော Kitchen လေးက ဟင်းပွဲပေါင်းများစွာကို မိနစ်ပိုင်းအတွင်း စီမံချက် ပြုတ်နေရပေသည်။ စိုင်းဖနှင့် ပန်းသွန်းချယ်တို့ရဲ့ ကော်ဖီကောင်တာလေးဟာလည်း ထိုနည်း၎င်းပင်။ တစ်ဉီးတည်းသော စားပွဲထိုးလေး စိုင်းဝမ်လှိုင်းမှာတော့ တစ်ဝိုင်းဝင် တစ်ဝိုင်းထွက်နဲ့ ပင်ပင်ပန်းပန်း လုပ်နေရသော်လည်း မျက်နှာလေးက အပြုံးမပျက် ရှိနေပေသည်။

"ကိုနေခ ကျွန်တော်တို့ လူထပ်ခေါ်ရမယ်ထင်တယ် နော် Customer တွေက တစ်နေ့ထက် တစ်နေ့ ပိုပြီးများလာတယ်"

"အင်း ဟုတ်တယ် ထက်ရှားရေ ငါလည်း အစကတော့ တစ်နိုင်တစ်ပိုင်လေးဆိုပြီး မှန်းခဲ့တာပဲကွာ ဒီလောက် ရောင်းရမယ် မထင်ထားခဲ့ဘူး "

"အင်း ဟုတ်တယ် ကိုနေခ စိုင်းဝမ်းလှိုင်းတစ်ယောက်တည်း  ရှေ့မှာလည်း တော်တော်တိုင်ပတ်နေတယ် ဒါတောင်ပန်းသွန်းက အားရင်အားသလို ဝင်ဝင်ကူပေး နေလို့ .. "

"အင်း ထက်ရှားရေ .. ဒီရက်ပိုင်း လူမခေါ်ခင်တော့ နဲနဲကြိုးစားပေးပါဉီးကွာ ငါ စိုင်းဖနဲ့ တိုင်ပင်ပြီး လူထပ်ထည့်ဖို့ စီစဉ်ပေးပါ့မယ် ...မင်းလည်း တော်တော် ကျွမ်းကျင်နေပြီဆိုတော့ ငါမပါလည်း မင်းတစ်ယောက်တည်း ဉီးဆောင်လို့ရနေပြီ"

သူတို့ဆိုင်ရဲ့ အဓိကဟင်းပွဲများကို နေခက ချက်ပြုတ်တာဖြစ်ပြီး ကျန်တဲ့ Menu တွေကိုတော့ ထက်ရှားနိုင်က ပြင်ဆင်ပေးတာဖြစ်သည်။ နေခက ညကတည်းက ဟင်းပွဲများအတွက် အဓိကလိုအပ်တဲ့ အသား ၊ ဂျူံ ၊ အသီးအနှံ အားလုံးကို Customer  လာရင် အဆင်သင့် ပြင်ဆင်ပေးလို့ရအောင် ကြိုတင်ပြီး ချက်ပြုတ်ထားရသည်။

ဝါသနာပါသော အလုပ်မို့ တစ်ခါတစ်လေလူတစ်ကိုယ်လုံး နုံးချိနေအောင် ပင်ပန်းသော်လည်း နေခ တစ်စက်ကလေးမှ မညည်းညူမိပေ။ နေခရဲ့မနားမနေ ကြိုးစားမှုကြောင့် သူတို့ဆိုင်ရဲ့ ဟင်းလျာတစ် ချိူ့ဟာ Customerတွေကြား နာမည်ရပြီး‌ ရေပန်းစားလာခဲ့တာဖြစ်သည်။

ချစ်သူရဲ့လက်နဲ့ ပွင့်စေခဲ့တဲ့ ပန်းတွေ ( Ongoing)حيث تعيش القصص. اكتشف الآن