( 3 ) U / Z

53.5K 2K 98
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်......။

ဒေါက်! ဒေါက်! ဒေါက်!

" ရော့! "

'ကမ္ဘာ' တံခါးဖွင့်လိုက်သည်နှင့် 'မင်းခ' က
အိတ်အမဲ တစ်ခုအား ပေးလာသည်။ ညအိပ်ဝတ်စုံ မိုးပြာရောင်လေးဝတ်ကာ တဘက်တစ်ထည်နှင့် ဆံပင်သုတ်နေသည့် 'ကမ္ဘာ' က
ရေချိူးထားတာဖြစ်မည်။

" 'နယ်မြေ' မှာထားတာ အဲ့ကောင်ရော...
ရေချိုးနေတာလား "

" အင်း...ဟိုကောင် 'ဒီခေတ်' ရော "

'ကမ္ဘာ' 'မင်းခ' ၏လက်ထဲက အထုပ်ကို
ယူရင်း မေးလိုက်ခြင်းဖြစ်သည်။

" ငါသွားရှာလိုက်မယ်..စိတ်မပူနဲ့
မင်းတို့လည်းနားတော့..ငါသွားပြီနော် "

" အင်း.. "

'ကမ္ဘာ' တံခါးကို ပြန်ပိတ်လိုက်ပြီးနောက်
အိတ်ထဲက ဘာဖြစ်မလည်း စပ်စုချင်တာကြောင့် အိတ်ကိုဖြည်နေတုန်းမှာပင် ဆတ်ခနဲဆွဲယူ
ခံလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ 'နယ်မြေ' က အပေါ်ပိုင်း ဗလာ နှင့် ခါးမှာ တဘက် တစ်ထည်ထဲသာ ပက်ထားသည်။

ရင်အုပ်ကျယ်ကျယ်နှင့် လက်မောင်းကြွက်သားတို့မှာလည်း နည်းတာကြီးတွေ မဟုတ်...
ဗိုက်သားတွင်လည်း ကြွက်သားတွေက
အမြောင်းလိုက်တွေထင်းလို့...
'ကမ္ဘာ' ကြည့်နေတုန်းမှာပင် 'နယ်မြေ'
တစ်ယောက်အထုတ်ကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး ကုတင်ခြေရင်းမှာ သွားထိုင်နေကာ...

" 'ကမ္ဘာ' ငါ့ကို ဆံပင်သုတ်ပေးဦး "

'နယ်မြေ' ၏အပြောကြောင့် 'ကမ္ဘာ' ၏မျက်နှာမှာ ရှုံ့မဲ့သွားရသည်။
လူကိုများပိုင်စိုးပိုင်နင်းနဲ့....

" ကိုယ့်ကိုသုတ်ပါလား "

'ကမ္ဘာ' တဘက်ဖြင့် ပစ်ပေါက်လိုက်ကာ အိပ်ယာဝင်ရန် ကုတင်ပေါ်သို့တက်လိုက်သည်။

" သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောနေတာမဟုတ်ဘူး 'ကမ္ဘာ' ၊ မင်းယောက်ျားအနေနဲ့
ပြောနေတာ မင်းမလုပ်ပေးရင် ငါမေမေနဲ့ တိုင်ပြောမှာနော် "

'ကမ္ဘာ' တိုင်ချင်တိုင်ပေါ့ဟု..စိတ်ထဲကသာ တွေးလိုက်ပြီး စောင်ကိုကျကျနန ခြုံကာ အိပ်ဖို့ပြင်လိုက်သည်။ ထိုအခါ 'နယ်မြေ' က အိပ်ယာဘေးမှာ တင်ထားသည့် ဖုန်းကိုလှမ်းယူလိုက်သည်။ 'ကမ္ဘာ' လိုက်ကြည့်နေချိန်မှာပင် တစ်ကယ်ကြီးဖုန်းခေါ်ဖို့ လုပ်နေသူကြောင့် အလျင်အမြန်ထကာ ဖုန်းအားဆွဲယူလိုက်ရသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now