( 22 ) U / Z

33.6K 1.3K 58
                                    

U~

" မောင်.. ဒီနေ့အလုပ်မသွားပါနဲ့လား "

အလုပ်သွားဖို့ ပြင်ဆင်နေသည့် 'နယ်မြေ' ကို
'ကမ္ဘာ' ကုတင်ပေါ်မှ ပြောလိုက်ခြင်းဖြစ်သည်။

" မောင် မနက်ပိုင်းက အရေးကြီးကိစ္စရှိလို့
နေ့လည်မှ ပြန်လာခဲ့မယ် "

ဒေါက်! ဒေါက်!

'နယ်မြေ' တံခါးသွားဖွင့်ပေးလိုက်တော့
'ရောင်ခြယ်' နှင့် 'ဒီ‌ခေတ်' က
အခန်းထဲကို ဝင်လာကြသည်။

" 'ရောင်ခြယ်' တစ်ချက် ဂရုစိုက်ပေးဦးနော် "

" အင်း "

'နယ်မြေ' 'ရောင်ခြယ်' ကို ပြောပြီးသည်နှင့်
အပေါ်ဝတ်ကိုထပ်ဝတ်လိုက်သည်။

" အချစ်...မောင် သွားပြီနော် "

'နယ်‌မြေ' က ကမ္ဘာ' ၏ နဖူးလေးအား ခပ်ဖွဖွနမ်းကာ အခန်းထဲမှထွက်သွားသည်။
'ရောင်ခြယ်' က ကုတင်ဘေးမှ ခုံတွင်ဝင်ထိုင်လိုက်ကာ 'ဒီခေတ်'က ကုတင်ပေါ်တက်၍
'ကမ္ဘာ' ၏ဘေးတွင် ဝင်လှဲလိုက်သည်။

" အဆင်ပြေနေကြပြီပေါ့ "

'ဒီခေတ်' မေးလိုက်တော့ 'ကမ္ဘာ' က
ပြုံးသည်။

" ထင်တာပဲ မင်းရော "

" အခုထိဆက်သွယ်လို့မရဘူး
နှစ်လပြည့်လို့မှ ပြန်မလာရင် ပျက်ပြီပဲ "

" အပိုတွေပါ မင်းလား ပျက်နိုင်မှာ "

.............။

" 'နွေ' စားမကောင်းဘူးလား "

" ဗျာ! မဟုတ်ပါဘူး "

ထမင်းမစားဘဲ ဇွန်းနဲ့ ထိုး‌မွှေနေသူကြောင့်
'နယ်မြေ' မေးလိုက်ခြင်းဖြစ်သည်။

" ကိုယ့်ကို တစ်ခုခုပြောစရာရှိနေတာလား"

" ဟိုလေ 'နွေ' မနက်ဖြန်တစ်ရက်ခွင့်ယူချင်လို့"

" ဪ.... ရတယ်လေ "

" ဟီး.... ဟုတ် "

ခွင့်ပြုချက်ပေးလိုက်တော့မှ ရယ်ပြလာကာ
ထမင်းကိုအားရပါးရစားနေည့် 'နွေမှိုင်း' ကို
ကြည့်ကာ 'နယ်မြေ' သက်ပြင်းချမိသည်။

ဖြူဖွေးနေသည့် အသားအရေက
ပါးပေါ်မှာပင် သွေးကြောအစိမ်းရောင်တွေမြင်နေရသည်အထိ...
ရွှေအိုရောင်ဆံပင်တို့အား
ခပ်အုပ်အုပ်ချထားကာ လူကောင်သေးသည့်အပြင် အရပ်ကလည်း 5 ပေ 6သာရှိသဖြင့်
'နယ်မြေ' နှင့်ယှဉ်လိုက်ရင် ကလေးသာသာလောက်သာရှိသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now