( 15 ) U / Z

36.4K 1.4K 92
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး
လိုင်းပေါ်မတင်ကြပါနဲ့နော်....။

" ဒီ ဒီဇိုင်းလေး မဆိုးဘူးနော် 'စစ်' "

" ဟုတ်တယ် အစ်ကို "

'ကမ္ဘာ' ဒီလထုတ်မည့် ဒီဇိုင်းအတွက်
'စစ်' နှင့် အတူဒီဇိုင်းရွေးနေတုန်း
ထမြည်လာသည့် ဖုန်းကြောင့်
ယူကြည့်လိုက်တော့....

Mg♥️

အခုမှ မနက်ကိုးနာရီခွဲသာ ရှိသေးကာ
ရုံးရောက်တာပင် နာရီဝက်ပဲရှိသေးသည်။

" အင်း "

"......."

" 'ကိုမင်းသစ်' မရှိဘူးလား "

".........."

" တစ်ခြားသူတွေ ခိုင်းလိုက်လေ
ငါအလုပ်လုပ်နေတာ "

"......."

" ဟင်း!!! ဟုတ်ပြီ! ဟုတ်ပြီ! "

"......"

" အင်းပါ အခုလာခဲ့မယ် "

'ကမ္ဘာ' ဖုန်းချကာ ဘေးကိုကြည့်လိုက်တော့
'စစ်'က ဒီဇိုင်းတွေကိုသာ
စိတ်ဝင်တစားကြည့်နေသည်။

" 'စစ်' "

" ဗျာ "

" အစ်ကို CEO ဆီသွားလိုက်ဦးမယ်
ပြန်လာမှ ဆက်ရွေးမယ်
တခြားလုပ်စရာရှိတာတွေ
လုပ်ထားလိုက် "

" ဟုတ် အစ်ကို "

'ကမ္ဘာ' ရုံးခန်းမှထွက်ကာ ကုမ္မဏီအောက်
ဆုံးထပ်တွင်ရှိသည့် ကဖေးသို့....
နွားနို့သောက်ချင်တာကို....
'အချစ်ဝယ်ပေးတာလေးမှ '
ဟူသည့် ကျေးဇူးရှင်ကြောင့်
ထိပ်ဆုံးထပ်မှာရှိသည့် CEO ရုံးခန်းသို့
သွားရပြန်သည်။

ဒေါက်! ဒေါက်!

'ကမ္ဘာ' အသံပေးကာ တံခါးဖွင့်ဝင်လိုက်တော့
'နယ်မြေ'က အလုပ်စားပွဲမှာထိုင်ကာ အလုပ်လုပ်နေသည်။ 'ကမ္ဘာ'နွားနို့ခွက်ကို အခန်းလယ်ကစားပွဲပေါ်တင်ကာ ဆိုဖာမှာဝင်ထိုင်လိုက်သည်။

" မောင်.. "

" ဗျာ.. "

" နောက်မှ‌လုပ် ပူတုန်းလေး
ဒါအရင်လာသောက် "

'နယ်မြေ'က နေရာမှထကာ
ဆိုဖာသို့မသွားဘဲ တံခါးသို့ဦးတည်သွားကာ...

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now