( 10 ) U / Z

44.8K 1.6K 63
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး
လိုင်းပေါ်မတင်ကြပါနဲ့နော်.....။

အချိန်မဟုတ်ရွာသည့် မိုးကဒီနေ့လည်း
သည်းထန်စွာရွာသွန်းနေပြန်သည်။
'မင်းခ' ပန်းဆိုင်ကနေ အထွက်မှာ နေကြာပန်းစည်းအား ကိုင်ကာ မိုးခိုနေရသည်။
ဆေးရုံနှင့်ပန်းဆိုင်က သိပ်မဝေးတာကြောင့် လမ်းလျှောက်ထွက်လာခဲ့ခြင်းဖြစ်သည်။
မထင်မှတ်ထားသည်မို့ ထီးကလည်း
ယူမလာမိ....

မိုးတွေကို မြင်တော့
မိုးတွေရွာတိုင်း ထထခုန်ပြီး ပျော်နေတက်တဲ့
ကောင်လေးကို သတိရမိသား.....

" ချီးပဲ! မိုးစုတ် မိုးနာ မိုးပြက် လူယုတ်မာမိုး
အကျင့်မကောင်းတဲ့မိုး "

ကိုယ့်အတွေးနဲ့ကိုယ် ရပ်နေတုန်း ထွက်ပေါ်လာသည့်အသံကြောင့် ဘေးကိုလှည့်ကြည့်မိတော့
ကောင်လေးတစ်ယောက်က လက်နှစ်ဖက်ကို
ခါးတွင်ထောက်ကာ မိုးကိုကျိန်ဆဲနေသည်။

အရပ်အမောင်းက 5 ပေ 8 လောက်ရှိမည်ထင်၏။ အရပ်6ပေအတိ ရှိသည့် 'မင်းခ'
ထက် အတော်လေးကို ပုသည်။
လူကောင်သေးကာ ပိန်လွန်းသည်က လေတိုက်ရင်တောင် ပါသွားမလားမသိ...
ညိုသည်မဟုတ် ဖြူသည်မဟုတ် အသားအရည်နှင့် ပုံသွင်းထားသည့်ဆံပင်တို့က မိုးမိလာတာကြောင့် ပုံပျက်နေကာ လက်‌‌နှင့် ထိုးလှန်ထား သောကြောင့် ထိုးထိုးထောင်ထောင်..
Tရှပ်အဖြူရောင်လက်တိုမှာလည်း မိုးအနည်းငယ်စိုနေပြီဖြစ်ကာ ‌ဂျင်းဘောင်းဘီအမဲရောင်ကို ဒူးနားအထိခေါက်တင်ထားသည်။
နှုတ်ခမ်းတစ်ထော်ထော်နှင့် မိုးကိုကျိန်နေဆဲနေသည့်ပုံစံလေးက ချစ်ဖို့တော့ကောင်းသား..

"တိတ်စမ်းပါကွာ...အရေးနဲ့ အကြောင်းဆိုရွာပြီ
အိမ်ရောက်မှရွာပါလား တစ်ကယ်ပဲ.."

'စစ်' တစ်ယောက် မိုးကိုကျိန်ဆဲနေရင်း
တစ်ယောက်ယောက်ကြည့်နေသလို
ခံစားရသည်မို့ ဘေးကိုလှည့်ကြည့်မိတော့
ဟင်! ဟိုနေ့ကလူ.....
သူကဆရာဝန်လား......
ရှပ်အကျီအဖြူကို စတိုင်ပန်အညိုနှင့်တွဲဝတ်ထားကာ နက်တိုင်အညိုရောင်ကိုလဲ သေသေသပ်သပ်ချည်နှောင်ထားသည်။
Duty ကုတ်ထပ်ဝတ်ထားကာ လက်တစ်ဖက်ကို
ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထား၍
နောက်တစ်ဖက်က နေကြာပန်း5ပွင့်ကို ကိုင်ထားသည်။
သေသေသပ်သပ်ပုံသွင်းထားသည့်ဆံပင်တွေကြောင့် မျက်နှာလေးက ရှင်းလင်းစွာ..
သူ့ကိုစိုက်ကြည့်နေသည်မို့ 'စစ်' လည်း
ခပ်တည်တည်နှင့်ပြုံးပြလိုက်တော့
ထိုလူက အရှေ့ကိုပြန်လှည့်သွားသည်။
ဘာလည်း သူ့ကိုမမှတ်မိတာလား...

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now