Extra ( 2 ) U / Z

45.8K 1.4K 126
                                    

U~

တီတောင်! တီတောင်!

ခြံတံခါးက ဘယ်လ်တီးသံက
အဆက်မပြက်မြည်နေသောကြောင့်
'မင်းခ' ဆက်မအိပ်နိုင်တော့ဘဲ
ထထိုင်လိုက်သည်။ ထိုအခါဘေးမှ'စစ်' ကလည်း
အိပ်ချင်မူးတူးနှင့် ထထိုင်လာသည်။

နာရီကိုကြည့်မိတော့ 1နာရီထိုးနေပြီ
ဖြစ်သည်။တုတ်တုတ်မျှ
မလှုပ်ပါဘဲ ကလသေကလမောအိပ်နေသူက
တော့ ဟိုဘက်အစွန်မှာအိပ်နေသည့် 'ဒီခေတ်'ပင်

" ဘေဘီ ပြန်အိပ်တော့ ကိုယ်သွားကြည့်
လိုက်မယ် "

" ရတယ် ဘေဘီလည်း လိုက်ခဲ့မယ် "

'မင်းခ' နှင့် 'စစ်' ခြံရှေ့ကို ထွက်ကြည့်‌လိုက်တော့
အိမ်ပေါ်က ကာလနဂါးရဲ့ သက်ဆိုင်သူကြီး....

" Sorry ညီ အိပ်ရေးပျက်သွားပြီလား "

" ရပါတယ်ဗျာ "

" ကိုယ်အစက မနက်မှလာချော့မလို့ဘဲ
ဘယ်လိုမှအိပ်မရလို့ "

" အစ်ကိုကသာ အိပ်မပျော်တာ
ဟိုကောင်က မိုးပြိုရင်တောင်
သိလိုက်မှာမဟုတ်ဘူး "

" ကိုယ်ဒီည ဒီမှာအိပ်လို့ရမလား "

" ရတယ်လေ အစ်ကို
'ဒီခေတ်' ကနိုးလို့ရမှာ မဟုတ်ဘူး
အစ်ကိုသူနဲ့တူတူ ဝင်အိပ်လိုက်
ကျွန်တော်တို့ တခြားအခန်းမှာပဲ
သွားအိပ်လိုက်မယ် "

ထိုသည်ဖြင့် အိမ်ရှင်နှစ်ယောက်ဖြစ်သည့်
'မင်းခ' နှင့် 'စစ်' တို့ ဧည့်သည်ခန်းကို
ရောက်လာကြသည်။
'မင်းခ' ဗီဒိုထဲက စောင်နှင့်ခေါင်းအုံးတွေ
ထုတ်ကာ ကုတင်ပေါ်ခင်းလိုက်သည်။

ပြီးသည်နှင့် ဗီဒိုကိုမှီကာ
မတ်တပ်အိပ်နေသည့် 'စစ်' ကို
ပွေ့ချီကာ အိပ်ယာပေါ်အသာချပေးပြီး
ဘေးမှာဝင်လှဲလိုက်သည်။
'မင်းခ' ရင်ခွင်ထဲတိုးဝင်လာသူ၏
နဖူးလေးအား ခပ်ဖွဖွနမ်းကာ
အိပ်ဖို့ပြင်လိုက်သည်။

အခုလိုမျိုး ဒုက္ခတွေအများကြီး
ယူလာပေးကြတာ ကျေးဇူးတင်ပါတယ်
ငါ့သူငယ်ချင်းတို့........

...........။

'သမိုင်း' ရင်ခွင်ထဲ အိပ်မောကျနေသူ၏
နဖူးကို ခပ်ဖွဖွနမ်းလိုက်ကာ...

My Best Friend Becomes My Husband ( COMPLETE )Onde histórias criam vida. Descubra agora