( 6 ) U / Z

42.6K 1.7K 93
                                    

U~

" မောင်.. "

" ဗျာ.. "

'နယ်မြေ' ရေချိုးခန်းကထွက်လာတော့
'ကမ္ဘာ'က 'နယ်မြေ'အတွက်အဝတ်အစားထုတ်ပေးရင်း စကားစလာသည်။

" ငါဒီနေ့တစ်ရက် အလုပ်နားမယ်နော် "

" ဘာဖြစ်လို့လည်း နေမကောင်းလို့လား "

" မဟုတ်ပါဘူး ငါလုပ်စရာရှိလို့ "

ပြောပြီးသည်နှင့် 'ကမ္ဘာ'က အဝတ်တို့အား ကုတင်ပေါ်တင်ပေးခဲ့ကာ.. အခန်းပြင်ထွက်သွားသည်။ 'နယ်မြေ' အောက်ထပ်ကို ဆင်းလာတော့ 'ကမ္ဘာ' နှင့် 'သမိုင်း'က စကားပြောနေကြခြင်းဖြစ်သည်။ နှစ်ယောက်သားဘာတွေ ပြောနေကြသည်မသိ ပြုံးလို့ရယ်လို့...

" 'ကိုသမိုင်း'... ကိုကိုရော "

" ကုမ္မဏီ သွားလိုက်ပြီ အစ်ကိုလေး "

" ဟင်! ဘယ်လိုသွားလိုက်တာလည်း
အစ်ကိုကရော "

" အစ်ကိုက ဒီနေ့နားရက်ယူထားတာ "

" ဗျာ! အစ်ကိုကလား အစ်ကိုအလုပ်နားတာ ကျွန်တော်အခုမှ မြင်ဖူးတယ်"

" ဟုတ်တယ် လုပ်စရာရှိလို့ "

" ဪ... ဟုတ်
အချစ် မောင်သွားတော့မယ်နော်"

" အင်း...ဂရုစိုက်သွားနော် "

'ကမ္ဘာ' ကပြောပြီးသည်နှင့် ပြန်လှည့်သွားကာ
'သမိုင်း' နှင့် စကားဆက်ပြောနေသည်။
'နယ်မြေ' တကယ်မပျော်တော့ပါ...
မနက်ကမနေနိုင်လို့ မနေ့ညက ဖုန်းပြောတာ ဘယ်သူလည်း သိချင်သဖြင့် ခိုးကြည့်မိတော့
'History' တဲ့လေ....

'နယ်မြေ' ဘာမှမတွေးချင်တော့သည်မို့
အလုပ်ကိုသာ အာရုံစိုက်ပြီး ဖိလုပ်မိသည်။

" ညီ ပစ္စည်းတွေစုံပြီလား "

" စစ်ကြည့်လိုက်ဦးမယ် "

Shopping Mall တစ်ခု၏ ကားပါကင်တွင်
ကားနောက်ထဲသို့ ပစ္စည်းတွေထည့်ရင်း 'သမိုင်း'က မေးလိုက်ခြင်းဖြစ်သည်။
'ကမ္ဘာ' က စာရွက်တစ်ရွက်ဖြင့်
ပစ္စည်းစုံမစုံ ကြည့်နေသည်။
Shopping Mallက ပြန်တော့ နေ့လည်စာ
စားချိန်ရောက်နေပြီ ဖြစ်၍ နေ့လည်စာစားရန် အနီးအနားဆိုင်တစ်ခုတွင် နားဖြစ်ခဲ့သည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now