( 4 ) U / Z

57.1K 1.9K 79
                                    

U~

'မင်းခ' ခေါင်းအုံးကို ကုတင်ခေါင်းရင်းတွင်ထောင်ကာ 'ကမ္ဘာ' ကိုကျောမှီထိုင်စေလိုက်သည်။ ထို့နောက်ဘေးတွင်ရပ်နေသည့် 'နယ်မြေ' ကိုလှည့်ကြည့်ကာ နရင်းအုပ်ချပစ်လိုက်သည်။

ဖြောင်း!

" အာ့! သေပါပြီ 'မင်းခ' ရာ "

'နယ်မြေ' အရိုက်ခံလိုက်ရသော လည်ဂုတ်အားပွတ်သပ်ရင်း စူပုတ်ပုတ်နှင့် ကုတင်ခြေရင်းတွင် ဝင်ထိုင်လိုက်သည်။

" သေလေ..ငါအတန်တန်မှာထားရဲ့သားနဲ့ "

ညက အကြမ်းလွန်သွားသည့် ရလဒ်ကတော့ 'ကမ္ဘာ' တစ်ယောက် မထနိုင်တော့ခြင်းပင်...

'မင်းခ' ကုတင်ဘေးက ထိုင်ခုံ‌တွင်ထိုင်ကာ
အိတ်အတွင်းမှ ဆေးကတ်များ ထုတ်ရင်း
'နယ်မြေ' အား ကျိန်ဆဲနေတော့သည်။

" ဒါကလိမ်းဆေး ဟိုနေရာကို
လိမ်းပေးလိုက် ကြားလား! 'နယ်မြေ' "

" ကြားပါတယ်ကွာ... "

"ဒါကသောက်ဆေး.. 'ကမ္ဘာ' ငါ 'ဒီခေတ်' ကို ဆန်ပြုတ်ယူလာခိုင်းထားတယ်
စားပြီးဆေးသောက်ရမယ်‌နော်
ဒီရက်ပိုင်း အစာမာတွေမစားသေးနဲ့ "

" အင်း... "

ဖြောင်း!

" အာ့! သေပါပြီကွာ
မင်းတို့ငါ့ကို အသေသတ်နေတာလား "

'ဒီခေတ်' တစ်ယောက် ဆန်ပြုတ်ပန်းကန်ကိုင်
၍အခန်းထဲဝင်လာခြင်းဖြစ်ရာ မြင်လိုက်ရသည့် 'ကမ္ဘာ' ၏ပုံစံကြောင့် အခန်းထဲ ဝင်ဝင်ချင်းပင် 'နယ်မြေ' အား နရင်းအုပ်ပစ်လိုက်သည်။

လည်ပင်းတစ်ခုလုံးလည်း အညိုအမဲစွဲလို့ နှုတ်ခမ်းတွေလည်း ပေါက်ပြဲကာ ဖျော့တော့နေသည်။ 'ဒီခေတ်' 'မင်းခ' ဘေးသို့သွားကာ ဆန်ပြုတ် ပန်းကန်အား ပေးလိုက်တော့
'မင်းခ' ကယူကာ ခပ်၍ တဖူးဖူးနှင့်မုတ်ကာ 'ကမ္ဘာ'အား ဆန်ပြုတ်ခွံ့ကျွေးနေသည်။

မျက်ထောင့်နီကြီးနှင့် စောင်းကြည့်လာသည့်
'ဒီခေတ်' ကြောင့် 'နယ်မြေ' ချက်ချင်းပင် ကုတင်ပေါ်တက်ပြေးကာ 'ကမ္ဘာ' ၏ ဘေးတွင်သွားထိုင်နေသည်။ ထိုအခါ 'ဒီခေတ်'က ကုတင်‌ဘေး
မှ တင်ပလွဲထိုင်လိုက်သည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now