( 18 ) U / Z

32.7K 1.3K 98
                                    

U~

" ဟီး.... တစ်ကယ်တော့ ငါတို့CEOက
ချစ်ဖို့ကောင်းပါတယ်ကွ! "

'စစ်' ပြိုင်ပွဲမှာဒုတိယဆု ရခဲ့သည်ကို
'နယ်မြေ'က Bonus ပေးသောကြောင့်
အပျော်လွန်ကာ တစ်ယောက်ထဲ ပြောနေခြင်းဖြစ်သည်။
ဌာနမှာဂုဏ်ပြုပွဲလုပ်ပေးမည်ဟူ၍
ပြောလာသည့် 'ကမ္ဘာ'ကြောင့် မလိုကြောင်း
ပြောမိတော့ ဂုဏ်ပြုညစာတော့ လိုက်စားလိုက်ပါ‌ဟူသောကြောင့် 'စစ်' ချိန်းထားသည့်နေရာကိုသွားနေခြင်းဖြစ်သည်။

ဆိုင်ထဲကို ဝင်မည်အပြု..
တစ်ဖက်မှ လက်တွဲကာ လမ်းလျှောက်လာသည့်
'နယ်မြေ' နှင့် 'ကမ္ဘာ' ကိုလှမ်းမြင်လိုက်သဖြင့်
မဝင်ဘဲရပ်စောင့် နေလိုက်သည်။

အနောက်တွင်တော့ 'မင်းခ' က 'ဒီခေတ်' ၏
ပုခုံးကို ဖက်ကာ နှစ်ယောက်သား စကားတွေ
တတွတ်တွတ်ပြောရင်း ပါလာကြသည်။

CEO တို့က သူငယ်ချင်းတွေပါခေါ်လာတာပဲ... 'စစ်' အစ်ကို့ဘေးက ကောင်လေးကို
ကြည့်မိတော့ ပုံထဲမှာထပ်ကို
အပြင်မှာ ပိုချောသည်။
ချောတာမှ တော်တော်ကိုချောတာ....

" အထဲဝင်ရအောင် "

'ကမ္ဘာ' ပြောလာမှ 'စစ်' ခေါင်းညိမ့်ပြကာအထဲကို အရင်ဝင်လိုက်သည်။

ဆိုင်ထဲရောက်တော့ လေးထောင့်စားပွဲဝိုင်းမှာ
'နယ်မြေ' နှင့် 'ကမ္ဘာ'က တစ်ဖက်
'မင်းခ' နှင့် 'ဒီခေတ်' က တစ်ဖက်ထိုင်ကာ
'စစ်' က 'မင်းခ' နှင့် 'ကမ္ဘာ' ၏ကြားတွင်
ထိုင်ရသည်။

" 'စစ်' အစ်ကို့သူငယ်ချင်းတွေခေါ်လာတာ
အဆင်ပြေတယ်မလား "

စကားစလာသူက 'ကမ္ဘာ' ဖြစ်သည်။

" ဟုတ် ပြေတယ်အစ်ကို "

" 'ဒီခေတ်' ဒါငါ့လက်ထောက်
'အချစ်စစ်' "

'ကမ္ဘာ' က ပြောတော့ 'ဒီခေတ်'က
လက်ကမ်းပေးလာကာ

" 'ဒီခေတ်လူ' ပါ ဒုတိယမြောက်တွေ့ဆုံခြင်းပေါ့"

'စစ်' ပြန်လည်လက်ကမ်းပေးကာ
လက်ဆွဲနှုတ်ဆက်လိုက်ရင်း

" ဗျာ! ကျွန်တော်တို့ တွေ့ဖူးတာလား "

" အင်း...ပန်းဆိုင်ရှေ့မှာ
'မင်းခ' ကို လာ‌ကြိုတုန်းက တွေ့ဖူးတယ် "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now