( 20 ) U / Z

32.4K 1.3K 72
                                    

U~

" မင်းရှင်းထားလိုက် ဟို 'သူရ' ဆိုတဲ့ကောင်ကို
မသေစေနဲ့ ဒုက္ခိတဖြစ်အောင် လုပ်လိုက် "

" ဟုတ်ကဲ့ Boss "

'နေယံ' အခန်းလွတ်တစ်ခုမှာ
အဝတ်အစားလဲရင်း 'မင်းသစ်' ကို
မှာနေခြင်းဖြစ်သည်။ 'သူရ' ၏နောက်ခံအသိုင်းအဝိုင်းမှာ နိုင်ငံ‌တော်နှင့် ပက်သက်သည့် ဝန်ကြီးအချို့ပါဝင်နေသဖြင့် လက်လွတ်စပယ်သတ်ပစ်၍မရ...
'နေယံ' ကားသော့ဆွဲယူကာ
Han Hospital သို့ အမြန်လိုက်ရသည်။

ဆေးရုံ၏ VVIP Room တွင်
သားအဖနှစ်ယောက်လုံးကို တစ်ခန်းထဲ
ထားထားသော်ငြား မည်သူမှ
သတိရလာခြင်းမရှိ...
'ကမ္ဘာ' ကလူနာ ကုတင်နှစ်လုံး၏ အလယ်တွင်
ထိုင်ကာ ရှိုက်ငိုနေတော့သည်။

'မင်းခ' နှင့် 'ဒီခေတ်' ကို 'ရောင်ခြယ်'က
Room ၏ ကုတင်ခြေရင်းဘက်တွင် ရှိသည့်
ဆိုဖာပေါ်တွင် ဆေးထည့်ပေးနေရင်း
စိတ်မကောင်းဖြစ်ရသည်။

ဆေးရုံထဲကို ကလေးပွေ့ပြီး သွေးသံတရဲရဲနှင့်
ပြေးဝင်လာသည့် နှစ်ယောက်ကြောင့်
ပြာယာခတ်နေတုန်း သွေးတွေဒလဟော
စိမ့်ထွက်နေကာ ခေါင်းဒဏ်ရာနှင့်
ထပ်ရောက်လာသည့် နှစ်ယောက်....
The Rainbow မှာ Han Hospital၏
ရှယ်ယာရှင်တစ်ဦးဖြစ်သဖြင့်
ဆေးရုံအုပ်ကိုယ်တိုင်ပင် ခွဲခန်းဝင်ပေးခဲ့ရသည်။

'ဒီခေတ်' ကို ဆေးထည့်ပက်တီးစီးပေးပြီးသည်နှင့် 'ဒီခေတ်'က 'ကမ္ဘာ'၏ အနားသို့
သွားကာ ပွေ့ဖက်ထားလိုက်သည်။

'မင်းခ' ၏ လက်မောင်းနှင့်လက်ဖျံကဒဏ်ရာကို
ကြည့်ပြီး 'ရောင်ခြယ်' မျက်ရည်တွေ
ဝဲတက်လာသည်။ သို့သော်မကျမိအောင်ထိန်းရင်းလုပ်စရာရှိတာကို လုပ်ရသည်။
'မင်းခ' ဆိုတဲ့ကောင်က သူ့လက်သူ
တအားဂရုစိုက်တဲ့ကောင်.....

Flash back.....

' 'ရောင်ခြယ်' ငါ့လက်ထိမယ်နော် '

' မထိပါဘူးကွာ ပိုကိုပိုတယ် '

' ဟ! ငါ့လိုခွဲစိတ်ဆရာဝန်တစ်ယောက်အတွက်
ဒီလက်တွေက အသက်ကွ!
ငါ့လက်နဲ့ လူတွေအများကြီးရဲ့အသက်ကို
ကယ်တင်ရမှာ မင်းဂရုစိုက်စမ်း '

' အေးပါကွာ '

Flash back end....

" ဘာဖြစ်နေတာလည်း "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now