( 19 ) U / Z

31.3K 1.2K 47
                                    

U~

'ကမ္ဘာ' ရေချိုးခန်းက ထွက်လာတော့
'နိုနို' လေးက အိပ်ယာပေါ်တွင် အိပ်ပျော်နေပြီ
ဖြစ်ကာ မောင့်ကို မတွေ့သည်သဖြင့်
ရှာကြည့်လိုက်တော့ ဝရန်တာမှာ
ဖုန်းပြောနေခြင်းဖြစ်သည်။

လက်တစ်ဖက်ခါးထောက်ကာ
တည်တင်းနေသည့် မျက်နှာထားနှင့်
စကားပြောနေပုံက ဒေါသထွက်နေမှန်း
သိသာသည်။

'ကမ္ဘာ' ကြည့်နေတုန်းမှာပင် 'နယ်မြေ' က
အခန်းထဲသို့ ပြန်ဝင်လာကာ ကုတင်ခြေရင်း
တွင် ဝင်ထိုင်လိုက်သည်။

" မောင်.. အဆင်ပြေရဲ့လား "

'ကမ္ဘာ' ပြောရင်းနှင့် 'နယ်မြေ'၏ ဘေးတွင်ဝင်ထိုင်လိုက်သည်။

" အချစ် "

" ဟင်! "

" မောင် ကလောဆင်းမှရမယ်
Project က မောင်ကိုယ်တိုင်သွားကြည့်မှ
ရမှာမလို့ "

" ဘယ်လောက်ကြာမှာလည်း "

" တစ်ပတ်လောက် မနက်အစောဆင်းမှရမှာ
မောင့်ကို Luggageပြင်ပေးပါဦး "

" အင်း "

ထိုအခါ 'ကမ္ဘာ' က နေရာမှထကာ
ဗီဒိုအောက်က Luggage ကိုဆွဲထုတ်လိုက်ပြီး
အဝတ်အစားများကို သေချာထည့်ပေးရသည်။
'နယ်မြေ' လည်း နေရာမှထလာကာ
လိုအပ်သည်များကို ထည့်ရသည်။
ထုတ်ပိုးပြင်ဆင်ပြီးချိန်တွင်တော့
ည11 နာရီပင်ထိုးနေပြီဖြစ်သည်။

" အချစ် မောင် 'ကိုမင်းသစ်' ကိုထားခဲ့မယ်
မနက်ဖြန်ညနေကျရင် လေလံပွဲရှိတာ
သိတယ်မလား မောင့်အစားတက်ပေးဦး "

" ပြင်ဦးလွင်က မြေကွက်မဟုတ်လား "

" ဟုတ်တယ် မောင်လိုချင်တယ်
ရအောင်ယူပေးမယ်မလား "

" ဒါပေါ့.. စိတ်ချလက်ချသွား
ရအောင်ယူထားပေးမယ် "

" ဟုတ်ပြီ အိပ်ရအောင် အချစ် "

............။

" မောင်... ဟိုရောက်ရင် အစားပုံမှန်စားနော်
အိပ်ရေးလည်း မှန်မှန်အိပ် အလုပ်ပဲဖိလုပ်မနေနဲ့
ဖုန်းလည်း ဆက်ဦးနော် ကျန်းမာရေးလည်း
ဂရုစိုက်နော် ရာသီဥတုက ဒီမှာနဲ့
တူတာမဟုတ်ဘူး "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now