( 25 ) U / Z

33.4K 1.3K 113
                                    

U~

" Hey! ဘာလို့ရပ်လိုက်တာလည်း
ဆက်ကိုက်ကြလေ ဟား.. ဟား.. ဟား.."

" ဘယ်သူများလည်းလို့
တစ်ချိန်တုန်းက ငါတို့ခြေထောက်အောက်
ပြားပြားဝပ်ခဲ့တဲ့ ခွေးလေး ပါလား "

'မင်းခ' ပြောလိုက်တော့ ရယ်မောနေသည့်
'မြင့်နိုင်'၏ မျက်နှာမှာ ဒေါသရိပ်တို့ လွမ်းမိုးလာသည်။ 'မင်းခ' က ခနဲ့ပြုံး ပြုံးကာ
'နယ်မြေ' ၏အနားကို တိုးကပ်လိုက်သည်။

" အဲ့ဒီကောင်တွေနဲ့ ငါတို့ဆယ်တန်းတုန်းက
ရန်ဖြစ်ဖူးတယ် အစကတော့
ငါတို့နှစ်ယောက်ထဲ၊ နောက်တော့ 'ကမ္ဘာ' နဲ့
'ဒီခေတ်' ပါဝင်ဆော်ကြတာ၊
သူတို့ကရန်လာစတာ၊ မင်းမိသားစုက
‌သူတို့ကိုကျောင်းထုတ်မယ်ဆိုမှ
ငါတို့ကိုဒူးထောက်ပြီးတောင်းပန်ကြတာ "

'မင်းခ' ပြောလိုက်တော့ 'နယ်မြေ' က
ခေါင်းငြိမ့်ပြသည်။

" မင်းရဲ့ နောက်လိုက်ခွေးတွေက
လူသစ်တွေပါလား "

'မြင့်နိုင်' အပါအဝင်လူလေးယောက်ဖြစ်ကာ
ကျန်သုံးယောက်က ကျောင်းတုန်းက
တွေ့ခဲ့သည့်လူတွေမဟုတ်သဖြင့်
'မင်းခ' ပြောလိုက်ခြင်းဖြစ်သည်။

'နယ်မြေ' က 'ကမ္ဘာ' နှင့် မျက်လုံးချင်းဆုံကာ
အချက်ပြလိုက်သည်နှင့် 'ကမ္ဘာ' နောက်မှချုပ်ထားသည့်လူ၏ ခြေထောက်ကိုတက်နင်းလိုက်သည်။ လက်ကိုချုပ်ထားသည့်အား
လျော့သွားသည်နှင့် တံတောင်ဖြင့် နောက်ပြန်ထောင်းချလိုက်သည်။

'နယ်မြေ' က 'မြင့်နိုင်' ဆိုသူကို
ဝင်ထိုးကာ 'ဒီခေတ်' ကိုနှစ်ယောက်ချုပ်ထားသဖြင့် 'မင်းခ'က တစ်ယောက်ကို
ပစ်ကန်လိုက်သည်။ 'ဒီခေတ်' လည်းကျန်တစ်ယောက်၏ ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးကာ
ကန်ချလိုက်သည်။

'ကမ္ဘာ' နှင့် 'ဒီခေတ်' ကရန်ပွဲတွင်းမှ
ထွက်လိုက်တော့ ထိုလေးယောက်က
'မင်းခ' နှင့် 'နယ်မြေ' ကိုဝိုင်းထားကြသည်။

သူတို့နှစ်ယောက်လည်း ကျောချင်းကပ်ကာ
တစ်ဖက်လူတို့၏ အခြေအနေကို
ကြည့်ကာ ထိုးရသည်။
လေးယောက် နှစ်ယောက်ဖြစ်နေသဖြင့်
သူတို့လည်း အထိနာသည်။

မကြာပါ 'ကမ္ဘာ' နှင့် 'ဒီခေတ်'က ထီးတစ်ချောင်းစီကိုင်ကာ ပြေးဝင်လာပြီး ဝင်ဆော်ကြသည်။
ရုတ်ရုတ်သဲသဲဖြစ်နေတုန်း
'နယ်မြေ' ၏ ခေါင်းမှာထိုးကိုက်လာသဖြင့်
နေရာမှာတွင်ထိုင်ချမိသွားသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now