Description

7.3K 268 8
                                    

ရှန်လျိုရှန်းဟာ ကြာပန်းဖြူ ဇာတ်ဆောင် shou နှင့် သူရဲ့ အစွမ်းတန်ခိုးရရန် လွယ်ကူတဲ့လမ်းကြောင်း အကြောင်းကို တစ်ညလုံး ဖတ်နေခဲ့တယ်။ ဖတ်လို့ပြီးသွားတဲ့အခါမှာတော့ သူဟာမပျော်မရွှင်နဲ့ ရင်ဘတ်ကိုထု ခြေထောက်ကို ဆောင့်လိုက်မိတယ်။

ဝတ္ထုထဲမှာတော့ သူနဲ့နာမည်တူ လူဆိုးရှစ်ဇွင်းတစ်ယောက်ရှိလေရဲ့။

ထိုသူဟာ ပန်းလေးတစ်ပွင့်ကဲ့သို့ လှပသော်ငြား သူတစ်ပါးကို အတုယူတတ်တာကြောင့် သူ့ရဲ့မူလပုံပန်းသဏ္ဍန်ကို ဖျက်ဆီးမိသလိုဖြစ်နေခဲ့တယ်။

သူသည် ဇာတ်ဆောင် shou ကိုပဲ စိတ်ထဲမှာရှိတဲ့ ပင်းရှန်းဓားအရှင်ကို စွဲလန်းနေခဲ့တယ်။  မိုက်မဲပြီး အရှက်ကင်းမဲ့ကာ ထိုသူရဲ့နောက်ကိုပဲ ဆက်ပြီးတော့ လိုက်နေခဲ့တယ်။

ခမည်းတော် ဘုရင်မင်းမြတ်အပါအဝင် ဂိုဏ်းတူညီအစ်ကိုများနဲ့ တရားဝင် အဆက်အသွယ်ဖြတ်ခဲ့ရုံသာမက သူ၏သွေးသောက်ညီအစ်ကိုဖြစ်သူ နတ်ဆိုးအရှင်နှင့်ပင် အသေအကြေတိုက်ခိုက်ခဲ့လိုက်သေးသည်။

ဓားအရှင်အတွက်ဆိုလျှင် သူသည် အနာဂတ်ကျင့်ကြံရေးလောကတွင် နံပါတ်တစ်ဖြစ်လာမည့် သူ၏တပည့်အရင်းကိုပင် ပြိုင်ဘက်ဟုသဘောထားပြီး အသည်းအသန်ဖြုတ်ချရန်ဆန္ဒရှိခဲ့သည်။

အိပ်ပျော်သွားပြီးနိုးလာတဲ့အခါမှာတော့ ရှန်လျိုရှန်းဟာ စာအုပ်ထဲက လူကြမ်း ရှစ်ဇွင်းအဖြစ် သူ့ကိုယ်သူ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ‌လေသည်။

"ဇာတ်ကောင် shou နဲ့တူဖို့ ကြိုးစားနေတာလား။ ထတော့! ဒီမသေမျိုးကသာ လောကမှာအလှဆုံးသောသူပဲ"

ဓားအရှင်ဆိုတာ ဘယ်သူလဲ သူက ငါ့ခမည်းတော်ဘုရင်မင်းမြတ်ထက် တန်ခိုးကြီးလို့လား ဂိုဏ်းထဲက ဆရာတူအစ်ကိုထက်ရော ပိုချောလို့လား ငါ့သွေးသောက်ညီအစ်ကို နတ်ဆိုးအရှင်ထက်ရော ပိုကြောက်စရာကောင်းသေးလို့လား

အနာဂတ်တွင် ဇာတ်လိုက်ရဲ့ အကြီးမားဆုံးကျောထောက်နောက်ခံဖြစ်တဲ့ ကျိုးရွှမ်းလန်ကို ရင်ဆိုင်ဖို့ ရှန်လျှိုရှန်းသည် အခွင့်အရေးကို အမိအရယူပြီး သူ၏ကံကြမ္မာကို ဆုပ်ကိုင်ကာ အန္တရာယ်ကို တွန်းလှန်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူ၏တပည့်ကျော်ကား လိမ္မာယဉ်ကျေးလွန်းနေတော့သည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now