အခန်း ၁၆

633 111 2
                                    

"ဒီ‌နေ့က ငါဒီကိုလာတာ နောက်ဆုံးအကြိမ်ပဲ"

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောသူသည် ဗျပ်စောင်းကိုကိုင်ကာ နောက်သို့လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

အောင်ယွဲ့သည် မျက်လုံးကိုပြူးကျယ်ကာ ချည်နှောင်ထားသောသံကြိုးများကို ရုန်းလိုက်ပြီး

"ဘာဖြစ်လို့ နောက်ဆုံးအကြိမ်လဲ! မင်းပဲ ငါ့ကိုနေ့တိုင်း ဗျပ်စောင်းတီးပြမယ်ဆိုပြီး ကတိပေးထားတာလေ!! ဘာဖြစ်လို့လဲ!? မသွားနဲ့!! မသွားနဲ့!!!"

"မသွားနဲ့!!!"

စုပိုင်ချဲ့သည် အမှောင်ထဲတွင်ပုန်းနေပြီး တဖြည်းဖြည်းနီရဲလာသော ထျန်းကုမ်၏မျက်လုံးများကို ကြည့်နေလေသည်။ "သူ့ကိုစိတ်တို‌အောင်ဆွ‌ပေးတဲ့ ဒီနည်းက အလုပ်ဖြစ်ပါ့မလား? သံကြိုးတွေကို လင်ယဲ့က မန္တန်နဲ့အကာအကွယ်လုပ်ထားတာ! သူသာဖြတ်နိုင်ရင် အရင်ကတည်းက လွတ်နေလောက်ပြီ"

"‌ရှေးခေတ်ဟောင်းမိစ္ဆာလေ မိစ္ဆာသွေးက ပိုပြီးအင်အားကြီးလေ နိုးထဖို့ အချိန်ပိုယူရလေပဲ" ထုံရှီးမှ ရှင်းပြလာလေသည်။ "အောင်ယွဲ့က မိစ္ဆာလောကမှာ အင်အားကြီးတယ်ဆိုပေမဲ့ သူ့မိစ္ဆာသွေးက မနိုးထသေးဘူး! သူက မင်းကိုအရမ်းသဘောကျတယ်ဆိုတော့ မင်းသာ သူ့အနားကနေ ရုတ်တရက်ထွက်သွားလိုက်ရင် သူ့ကိုစိတ်ပိုင်းဆိုင်ရာပြိုလဲစေတယ်! သတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုရောက်ရင် မိစ္ဆာသွေးနိုးထလာပြီး သူ့ရဲ့အင်အားဟာလည်း ချက်ချင်းအဆမတန်တိုးပွားလာလိမ့်မယ် အဲဒီအချိန်ရောက်ရင် လင်ယဲ့တောင်မှ သူ့ကိုယှဉ်နိုင်မှာမဟုတ်တော့ဘူး!"

စုပိုင်ချဲ့သည် မသက်မသာခံစားလိုက်ရပြီး
"တကယ်လို့ ကျုပ်ကလင်ယဲ့ကို ကူညီပေးလိုက်လို့ အောင်ယွဲ့က တိုက်ခိုက်တာကို မရပ်ဘဲနဲ့ ကျုပ်ကိုတစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်ရင်ရော?"

"အနာမခံရင် အသာမစံရဘူးလေ"

"လုံးဝမဟုတ်ဘူး!!! ဘဝကပဲ တန်ဖိုးရှိဆုံးပဲ"
(🌊 - သူပြောတာအမှန်ပဲ ကိုယ့်အတွက်တော့ ကိုယ့်ဘဝက တန်ဖိုးအရှိဆုံးပဲ)

ထုံရှီးသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ စုပိုင်ချဲ့ကိုသတ်၍ ထိုသူနေရာမှာ အခြားသူတစ်ယောက်ကိုသာ အစားထိုးပြီး သူ့အားကူ‌ညီစေချင်ပေတော့သည်။ သို့ရာတွင် သူ့အနေနှင့် ရွေးချယ်စရာမရှိသဖြင့် ကြင်နာသောလေသံဖြင့်

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now