အခန်း ၃

942 163 4
                                    

လင်ဟွာသည် လမ်းဆုံလမ်းခွမှ ရပ်နေလေ၏။ ဂိုဏ်းသားတော်တော်များများသည်လည်း ပြန်လည်မွေးဖွားခြင်းချောက်ကမ်းပါးသို့ ရောက်နေကြလေပြီဖြစ်သည်။ သို့သော် ရှန်လျှိုရှန်းကိုမူကား မတွေ့ရသေးပေ။

“သူ့ဆုံးဖြတ်ချက်ကို သူနောင်တရသွားတာလား” သူ့(လင်ဟွာ)ဘေးမှာရပ်နေသော လင်သန်းက ခပ်ဟဟရယ်ရင်းမေးလိုက်လေသည်။

လင်ဟွာ နဖူးပေါ်သို့ လက်တင်လိုက်လေ၏။

“ဖြစ်နိုင်တယ်။ သူက ဒီလိုမျိုးလုပ်နေကျပဲလေ... ခဏနေရင် ဒါကြောင့် လင်ယွဲ့အရမ်းဒေါသထွက်သွားမှာကိုပဲ ငါစိုးရိမ်တာ”

နှစ်ယောက်သား စကားဆက်ပြောနေကြလေသည်။

သူတို့နှင့် သိပ်မဝေးသောနေရာတွင် လူငယ်လေးတစ်ယောက်သည် ဘယ်ကြည့်၊ ညာကြည့်လျှက် လျှောက်လှမ်းလာလေသည်။ သူ၏ ဇာမနီလိုမျက်လုံးလေးများကလည်း သိလိုစိတ်များနှင့် ပြည့်နေလေသည်။ လင်ဟွာ ထိုသူအားတစ်ချက်ကြည့်ပြီး လျစ်လျူရှုထားလိုက်လေ၏။ တစ်ဘက်၌ကား လင်သန်းတစ်ယောက်မှာတော့ သိချင်စိတ်များသောကြောင့် အသံများပင်ထွက်လာလေတော့သည်။

“အယ်... သူ့ပုံကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ...”

လူငယ်လေးသည် တစ်ကိုယ်လုံးအဖြူရောင်ကိုဝတ်ဆင်ထားလျှက် ခါးအထိရှိသောဆံပင်များကိုကား ချည်နှောင်ထားလေသည်။ လက်ထဲ၌ကား ဓားရှည်ကိုကိုင်ထားလျက် သူ့ဝတ်ရုံမှပိုးကြိုးနီမှာလည်း လေထဲတွင် တလွင့်လွင့်ရှိနေလေသည်။

“သူ့ကိုမြင်ပြီး လျှိုရှန်းကို သတိရသွားတယ်လို့ပြောမလို့လား” လင်ဟွာပြောလိုက်လေသည်။

ဤသည်မှာ မထူးဆန်းပါချေ။ ယခင်(ဝတ္ထုထဲမှ မူလ)ရှန်လျှိုရှန်းသည် ‌တုနှိုင်းမဲ့သူတစ်ယောက်ဖြစ်လေသည်။ ချင်းလင်ဂိုဏ်း၏ မျိုးဆက်သစ်ခေါင်းဆောင်လည်းဖြစ်ပေသည်။ မိစ္ဆာဂိုဏ်းကိုအနိုင်တိုက်နိုင်ပြီးနောက်တွင်ကား ရှန်လျှိုရှန်းသည် လူအများထံမှ လေးစားမှုကို ပို၍ပင်ရလာလေသည်။ ထို့ကြောင့် ထိုအချိန်က မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားများသည်လည်း သူ့အားနမူနာအဖြစ် ယူကြလေသည်။ ရှန်လျှိုရှန်း၏ အကြောင်းကား ကျင့်ကြံရေးလောကတွင် ပျံ့နှံ့၍သွားရာ များစွာသောကျင့်ကြံသူများသည် သူအသုံးပြုသောဓားအမျိုးအစားကို တုပ၍သုံးသကဲ့သို့ အခြားသူအမြောက်များသည်လည်း သူ၏ဝတ်ပုံစားပုံကို အတုယူဝတ်ဆင်ကြလေသည်။
(🌊 ရှစ်ဇွင်းတို့ကတော့ အပိုင်းတိုင်း သူ့အလှကိုချီးမွမ်းခန်းဖွင့်တာပါတယ်နော်)

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Kde žijí příběhy. Začni objevovat