အခန်း ၂၆ - ဖေဖေ!

334 50 0
                                    


“ချင်းလင်ဂိုဏ်းကတပည့်နှစ်ယောက် အတွင်းရေကန်ထဲကနေ ဖရိုဖရဲနဲ့ထွက်လာတယ်လို့ ကြားလိုက်တယ်! အဲဒါအမှန်ပဲလား?”

“ဟုတ်တယ်လေ! အဲဒီထဲကတစ်ယောက် ရှန်လျှိုလျှိုလေ... ပြောကြတာတော့ သူ့ကိုရေကန်ထဲကခေါ်ထုတ်လာကတည်းက သတိမေ့နေတာတဲ့!!!”

“အဲဒါ... အဲဒါ... အဲဒါက နေ့ခင်းကြောင်တောင်ကြီးမှာတောင်... တကယ့်ကိုမသင့်တော်တာပဲ သူ့ကိုသယ်သွားတာက ဘယ်သူလဲ?”

“ကျိုးရွှမ်လန်လေ! ချင်းလင်ဂိုဏ်းတပည့် မျိုးဆက်သစ်တွေရဲ့ခေါင်းဆောင်လေ!”

“ဘာ?! ဂိုဏ်းတူဦးလေးနင်က လုပ်တယ်ဆိုရင်တောင် ထားလိုက်ပါဦး! ကျိုးရွှမ်လန်ကရော ဘာဖြစ်လို့ အဲဒီနေရာမှာပေါ်လာရတာလဲ? သူက ရှန်လျှိုလျှိုနဲ့ဘာလုပ်နေတာလဲ? သူတို့တွေ လှည့်စားခံနေရတာရော မဖြစ်နိုင်ဘူးလား?”

“လက်အောက်ခံတိုင်းပြည်လို နေရာမျိုးမှာသာဆိုရင်တော့ ရှန်လျှိုလျှိုက ပြဿနာရှာတတ်တဲ့ မိစ္ဆာကြင်ရာတော်တောင်ဖြစ်နိုင်လောက်တယ်!”

ထိုကောလာဟလသည် ဓားဂိုဏ်းထဲတွင် တောမီးကဲ့သို့ ပြန့်သွားလေသည်။ သို့ရာတွင် ကာယကံရှင်များမှာတော့ ထိုအကြောင်းတစ်စုံတစ်ရာကိုမျှ မသိပေ။

သူတို့ 'မိစ္ဆာကြင်ရာတော်'ဟု ခေါ်ဆို‌နေသောသူသည် အိပ်ရာမှနိုးလာရာ ဇိမ်ကျလွန်းသဖြင့် လှုပ်ပင်မလှုပ်ချင်ပေ။ ခေါင်းအစ ခြေအဆုံး ပျင်းရိခြင်းနှင့် ရောင့်ရဲတင်းတိမ်ခြင်းတို့က လွှမ်းခြုံထားလေသည်။

“ဇိမ်ကျလိုက်တာ!”

ရှန်လျှိုရှန်းသည် သက်ပြင်းအကျယ်ကြီးကိုချလိုက်လေသည်။ သူသည် ရေပူစမ်းထဲတွင် သေလုမတတ်နာကျင်မှုကိုခံစားခဲ့ရသည်။ သို့ရာတွင် ထိုသို့ခံစားခဲ့ရပြီးနောက် သူသည် အလွန်ပင် သက်သောင့်သက်‌သာရှိလှပေသည်။

ထိုအချိန်မှာပင် တံခါးပွင့်လာလေသည်။

“အရိုးသန့်စင်ခြင်း ရေပူစမ်းမှာ ဂိုဏ်းကတပည့်တွေက မတော်မတရားကိစ္စတွေလုပ်နေတယ်လို့ ငါကြားထားတယ်”

လင်ယဲ့သည် အိပ်ရာအနားသို့လျှောက်လာပြီး ရှန်လျှိုရှန်းအား ငုံ့ကြည့်ကာပြောလိုက်လေသည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now