အခန်း ၁၈

671 102 14
                                    

လင်ယဲ့သည် မျက်မှောင်ကျုံ့လိုက်သော်လည်း ခဏအကြာတွင် ပြန်၍ဖြေလျော့လိုက်သည်။

“ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပေါ့! ဂိုဏ်းထဲက တပည့်ကတော့ ယဲ့ပင်းရန်ထက်ပိုကောင်းတာပေါ့! ဆရာတူညီလေးသဘောကျတယ်ဆိုရင် ပြီးတာပါပဲ”

ရှန်လျှိုရှန်းမှာ လင်ယဲ့၏အကြည့်များအောက်တွင် ခေါင်းနပန်းကြီးသွားသကဲ့သို့ခံစားလိုက်ရပြီး သူ၏ဆရာတူအစ်ကိုဖြစ်သူမှာ အကြီးအကျယ်အထင်လွဲနေပြီဖြစ်ကြောင်းကို ခံစားလိုက်ရလေ၏။ သူသည် ရှင်းပြမည်ပြုလိုက်စဉ်တွင်ပင် အခန်းအပြင်မှ အသံတစ်သံကြားလိုက်ရလေသည်။

“ရှစ်ဇွင်း”

သူ့၏လက်ဖျားလေးကိုလှုပ်ရှားလိုက်သည်နှင့် ၀တ်ရုံမှာ မြေ‌ပြင်ပေါ်သို့ကျသွား၏။

လင်ယဲ့သည် ထိုမြင်ကွင်းကိုကြည့်၍ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ဆရာတူညီလေးက ဒီတစ်ခါလည်း တစ်ဖက်သက်ချစ်မိပြန်ပြီလား? ဒီတစ်ခါ သူလိုချင်တာမရရင် စိတ်ဖောက်မသွားဖို့မျှော်လင့်ရတာပဲ!

သူသည် တစ်ဖက်သို့လှည့်လိုက်ပြီး အထဲသို့ လှမ်းကြည့်ရန်ပြင်လိုက်သည့် ကျိုးရွှမ်လန်၏အရှေ့မှပိတ်ရပ်ကာ
“မဲနှိုက်တာပြီးသွားပြီလား?”

ကျိုးရွှမ်လန် : “တပည့်ရဲ့ပြိုင်ဘက်က ကျောက်ချီပါ”

လင်ယဲ့ ခေါင်းငြိမ့်လိုက်၏။
“မင်းနဲ့ ကျောက်ချီနဲ့က အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ နောက်ဆုံးပိုင်းရောက်နေကြတာခြင်း အတူတူပဲ ရန်သူကိုလျှော့မတွက်နဲ့”

ကျိုးရွမ်လန်သည် နာခံ‌လိုက်ပြီး တစ်ခုခုပြောမည့်ဟန်ဖြင့် သူ(လင်ယဲ့)၏အနောက်ဘက်သို့လှမ်းကြည့်လိုက်သော်လည်း တုံ့ဆိုင်းနေလေသည်။

ထိုစဉ်မှာပင် အခန်းထဲမှ ခွေးလေးတစ်ကောင်သည် အမြန်ပင်ပြေးထွက်လာသည်။ “ဒီအငွေ့အသက်က...”

၎င်းသည် အမြန်ပြေးထွက်လာသောကြောင့် တံခါးဘောင်နှင့်တိုက်မိသွားပြီး ဖင်ထိုင်လျက်ကျကာ ကြယ်တွေလတွေစမြင်သွားလေ၏။

အမြင်အာရုံပြန်၍ကြည်လင်လာသောအခါ အနက်ရောင်ဝတ်စုံနှင့်လူငယ်လေးက သူ့အားငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏မျက်လုံးများထဲ၌ကား ကြောက်မက်ဖွယ်ရာ အရိပ်အယောင်များ ရှိနေလေသည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now