အခန်း ၁၁

623 107 3
                                    

“မဟုတ်ဘူး... မဟုတ်ဘူး... ခင်ဗျားက ကျွန်တော့်ရဲ့နတ်ဘုရားပါ!” မင်ထန်သည် ကိုယ့်ကိုကိုယ် နှစ်ချက်မျှပင် ရိုက်ချင်သွားလေ၏။

ရှန်လျှိုရှန်း၏အမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားပြီး သူသည် မည်သူမည်ဝါဖြစ်သည်ကို ယောင်ဝါးဝါးဖြင့် ခန့်မှန်းနေသည်။

ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ကဲ့သို့သော ဝတ္ထုများထဲတွင် ထူးချွန်သူအားလုံးသည် စုပိုင်ချဲ့ကိုသဘောကျကြသော်ငြားလည်း အရမယူနိုင်ခဲ့ကြပေ။

သာ့ချန်းဂိုဏ်းချုပ်ဖြစ်သော မင်ထန်သည်လည်း ထိုလူများတွင် တစ်ယောက်အပါအဝင်ဖြစ်လေသည်။

သူ၏ပြောင်းလဲမှုမှာ အတန်ငယ်ထူးခြားလေသည်။ အစပိုင်းတွင် သူသည် ရှန်လျှိုရှန်းအား အင်မတန်ပင်အားကျလေသည်။ သူ့နတ်ဘုရား(ရှန်လျှိုရှန်း) အတွက် စုပိုင်ချဲ့အား အကြိမ်ကြိမ်အခါခါ သတ်ရန်ကြိုးစားခဲ့သည်။ ထိုအထဲတွင်မှ ထိတ်လန့်စရာအကောင်းဆုံးဖြစ်စဉ်မှာ တစ္ဆေလမ်းစဉ်ကိုအသုံးပြု၍ သူ့(မင်ထန်)အသက်နှင့် ထိုသူ့(စုပိုင်ချဲ့)၏အသက်ကို အလဲအထပ်ပြုလုပ်ခဲ့ခြင်းပင်ဖြစ်ပြီး ထိုအခြေအနေသည်ကား ဝတ္ထုတစ်ခုလုံး၏ အထွဋ်အထိပ်ဖြစ်လာခဲ့သည်။

သို့သော်လည်း သူ(မင်ထန်)သည် ကျန်းရှန်းနိယာမမှ မလွတ်မြောက်ခဲ့ပေ။ ဝတ္ထုအနောက်ပိုင်းတွင်မူ သူသည် စုပိုင်ချဲ့၏ဆွဲဆောင်မှုကိုခံခဲ့ရပြီး ထိုသူအားအလွန်ပင်လေးစားသူတစ်ယောက်ဖြစ်လာခဲ့သည်။

သို့ရာတွင် သူ၏ယခင်နတ်ဘုရားဖြစ်သူနှင့် တွေ့ဆုံရာတွင်မူ...

စိတ်မကောင်းပါဘူး... သူ့(ရှန်လျှိုရှန်း)ကို နှစ်သက်တဲ့သူတစ်‌ယောက်ကနေ ဝေဖန်သူ(မုန်းတီးသူ)အဖြစ်ပြောင်းလဲသွားပြီး ပြန်လည်းနင်းချေ တဲ့နေရာမှာ အရမ်းတော်တဲ့သူမျိုးလေ။

ရှန်လျှိုရှန်း၏ စိတ်ဖိစီးလျှင်ဖြစ်တတ်သောရောဂါမှာ ပေါ်လာလေသည်။

မိမိအား လေးစားအားကျရသူတစ်ယောက်အဖြစ်မှ ရန်သူအဖြစ်ပြောင်းသွားခြင်းကိစ္စသည် လုံးဝကိုသည်းမခံနိုင်လောက်စရာပင်။ သူ၏လုပ်ကိုင်နိုင်စွမ်းကို စော်ကားခြင်းပင်ဖြစ်သည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Donde viven las historias. Descúbrelo ahora