အခန်း ၁

2K 190 7
                                    

"ခင်ဗျားဘာဖြစ်လို့ ဒီလောက်တောင်မိုက်မဲရတာလဲ"

ချောမောလှပပြီး အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ထိုအမျိုးသားက သူ့ရဲ့အင်္ကျီစကို ဒေါသတကြီး ဆုပ်ကိုင်လိုက်တယ်။

"ယွီရှန်းကျင့်စဉ်က ကျုပ်တို့ဂိုဏ်းရဲ့ထိပ်တန်းအဆင့်ကျင့်စဉ်ပဲ ခွင့်ပြုချက်မရဘဲ တခြားသူတွေဖတ်ရှုတာမျိုးကို တားမြစ်ထားတာကို ခင်ဗျားက နှလုံးသားမဲ့ကျင့်စဉ်ကိုကျင့်နေတဲ့ ဓားသမားယဲ့ပင်းရှန်အတွက်နဲ့ ဒီဟာကိုခိုးပြီးတော့ သူ့ကိုပေးရဲတယ်ပေါ့လေ ခင်ဗျား တကယ်ကြီးကိုရူးနေပြီပဲ"

ထိုကဲ့သို့ပြောပြီးတဲ့နောက်မှာတော့ ထိုသူက ရှန်လျှိုရှန်းကို အတင်းအဓမ္မ တွန်းထုတ်လိုက်‌တော့သည်။ သူ(ရှန်လျှိုရှန်း)သည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ ဟန်ချက်ပျက်သွားပြီး ရုတ်တရက်ကြောင်သွားခဲ့သည်။

"ဘာ...ဘာတွေဖြစ်ကုန်တာလဲ"

"ခင်ဗျားကပဲ ပြန်မေးရဲသေးတယ်ပေါ့လေ"

ထိုအမတလူငယ်သည် ရှန်လျှိုရှန်းအား ဒေါသတကြီးကြိမ်းမောင်းပြီး

"သူ့အတွက် ဒါကိုခိုး‌ပေးလို့ ခင်ဗျားကို သူက ကျေးဇူးတင်လိမ့်မယ်လို့ ထင်နေတာလား။ ကျုပ်ပြောမယ် ယဲ့ပင်းရန်လို ကြီးကျယ်မြင့်မြတ်တဲ့သူက ဒီလိုအကျင့်ပျက်တဲ့အပြုအမူရှိတဲ့အမတတစ်ယောက်ကို လုံးဝအထင်ကြီးမနေဘူး နောက်ပြီးတော့ သူကိုယ်တိုင်ပဲလာပြီးတော့ ဒီကျင့်စဉ်ကိုပြန်ပေးသွားပြီ အခုတော့ အမတရှန်က ဘယ်လောက်တောင် ရူးမိုက်တာတွေလုပ်ခဲ့လဲဆိုတာ ကျင့်ကြံရေးလောကတစ်ခုလုံးသိသွားပြီ"

ရှန်လျှိုရှန်းမှာ ဆူပူကြိမ်းမောင်းခံရပြီးနောက် မူးမိုက်သွားခဲ့တော့သည်။ ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်သော်လည်း ဒီမြင်ကွင်းက ရင်းနှီးနေတယ်လို့သာ ခံစားမိပါတော့တယ်။

ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ခင်မှာပဲ အပြာရောင်ဝတ်ထားတဲ့လူရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့ကို တင်းမာတဲ့အကြည့်နဲ့ ပြောလာခဲ့တယ် "ကျုပ်အထင်တော့ ခင်ဗျား အမှားအကြီးကြီးကို ကျူးလွန်မိပြီပဲ ခင်ဗျားအနေနဲ့ မသေဘူးဆိုရင်တောင် အရေခွံစုတ်ခံရမှာပဲ... ထားလိုက်တော့ ဒီကနေ အရင်ထွက်‌ရအောင်"

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now